အရာတော်မြို့နယ် ဆိပ်ဖူးကြီးကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကိုရင်နှစ်ပါး ဒဏ်ရာရရှိကာ အမျိုးသမီးတစ်ဦး သေဆုံး

အရာတော်မြို့နယ် ဆိပ်ဖူးကြီးကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကိုရင်နှစ်ပါး ဒဏ်ရာရရှိကာ အမျိုးသမီးတစ်ဦး သေဆုံး
Published 7 August 2024

အရာတော်မြို့နယ် ဆိပ်ဖူးကြီးကျေးရွာ အနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကိုရင် နှစ်ပါး ဒဏ်ရာရရှိကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ် ၃ ရက် နံနက် ၁၁ နာရီတွင် စစ် ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ဆိပ် ဖူးကြီးကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အရာတော်မြို့နယ် သ လဲဘာကျေးရွာရှိ ဓနမိန္ဒာရာမတောရဘုန်းကြီးကျောင်းမှ သာမဏေများဖြစ်သည့် အရှင် ပညာဝံသ (၁၃ နှစ်) နှင့် အရှင်နန္ဒဝံသ (၁၀ နှစ်) တို့သည် တစ်ရွာတည်းနေ ဒေါ်ဌေး (၇၆ နှစ်)နှင့်အတူ သလဲဘာကျေးရွာမှ ဆိပ်ဖူးကြီး ကျေးရွာသို့သွားရောက်စဉ် ဆိပ်ဖူးကြီးကျေး ရွာအနီးအရောက် လမ်းဘေးမှ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှု ကြောင့် ဒေါ်ဌေးတွင် မိုင်းပေါက်ကွဲစ ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး အရှင်ပညာ ဝံသနှင့် အရှင်နန္ဒဝံသတို့တွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့၍ သလဲဘာကျေးရွာရှိ ကျေးလက်ဆေးပေးခန်း၌ ဆေးကုသပေး လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent