အောင်မြေသာဇံ မေဃဂီရိရပ်ကွက် အမျိုးသမီးအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ညီမဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရ

အောင်မြေသာဇံ မေဃဂီရိရပ်ကွက် အမျိုးသမီးအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ညီမဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရ
Published 6 August 2024

မန္တလေးမြို့ အောင်မြေသာဇံ မေဃဂီရိရပ်ကွက် အမျိုးသမီးအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ညီမဖြစ်သူ သေနတ်ဖြင့် သြဂုတ် ၆ ရက် နံနက် ၇ နာရီဝန်းကျင်က ပစ်သတ်ခံရကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် ၁၈ လမ်းနှင့် ၈၂ A လမ်းထောင့်တွင် မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူ မခင်ဖုန်းဆုတို့ ညီမနှစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နှင့် ညီမဖြစ်သူ ဒေါ်ခင်ဖုန်းဆုတို့ ညီမနှစ်ယောက်သည် ကားဖြင့် ဆိတ်သားဆိုင်သို့ ဆိတ်သားဝယ်ပြီး ဆိုင်မှ ပြန်ထွက်စဉ် အမည်မသိ လူငယ်နှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုများကြောင့် ဒေါ်ဖြိုးသန္တာအောင်သည် ညာဘက်မျက်လုံးဘေး ဖောက်ဝင်ဒါဏ်ရာဖြင့်လည်းကောင်း ဒေါ်ခင်ဖုန်းဆုသည်လည်း နောက်စေ့ဒဏ်ရာများဖြင့် အသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။

Most Read

Most Recent