မန်ယူအသင်း၏ ကွင်းအမည်မူပိုင်ခွင့်ကို ဝယ်ယူရန် Snapdragon စိတ်ဝင်စား

မန်ယူအသင်း၏ ကွင်းအမည်မူပိုင်ခွင့်ကို ဝယ်ယူရန် Snapdragon စိတ်ဝင်စား
Photo: offside
Photo: offside
Published 6 August 2024

လာမည့်ရာသီ၌ မန်ယူအသင်း၏ အကျႌရင်ဘတ်စပွန်ဆာအဖြစ် ရပ်တည်သွားမည့် Snapdragon သည် မန်ယူအသင်း၏ ကွင်းအမည်မူပိုင်ခွင့်ကိုပါ ဝယ်ယူသွားရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Snapdragon သည် အမေရိကန်နည်းပညာကုမ္ပဏီ Qualcomm ၏ လက်အောက်မှဖြစ်ပြီး မန်ယူအသင်း၏ ရင်ဘတ်စပွန်ဆာအဖြစ် (၃)နှစ်စာချုပ်ဖြင့် လက်တွဲနေခြင်းဖြစ်သည်။

အဆိုပါစာချုပ်တန်ဖိုးမှာ ပေါင်(၁၇၅)သန်းဖြစ်ပြီး ယခုအခါ မန်ယူအသင်းက ကွင်းသစ်တည်ဆောက်ရန် စီစဉ်နေသည့်အတွက် ကွင်းအမည်မူပိုင်ခွင့် ရယူသွားရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်ထံ ရှယ်ယာ(၂၅)  ရာခိုင်နှုန်း ရောင်းချခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိရာ ကွင်းသစ်တည်ဆောက်မည့် စီမံကိန်းလည်း ပါဝင်လာခဲ့သည်။

လက်ရှိအသုံးပြုနေသည့် အိုးလ်ထရက်ဖို့ဒ်ကွင်းကို တိုးချဲ့တည်ဆောက်မည်ဆိုပါက ပေါင်(၂)ဘီလီယံဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး နေရာသစ်၌ ကွင်းသစ်တည်ဆောက်မည်ဆိုပါက ပေါင်(၁.၂)ဘီလီယံဝန်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

သို့သော် မည်သည့်ပုံစံဖြင့် ကွင်းသစ်တည်ဆောက်သည်ဖြစ်စေ ကုန်ကျမည့်ငွေကြေးအတွက် ပြန်လည်ရှာဖွေရမည်ဖြစ်သည့်အတွက် ကွင်းအမည်မူပိုင်ခွင့်ကို ရောင်းထုတ်သွားဖွယ်ရှိကြောင်း သိရသည်။

ထို့ကြောင့် Snapdragon က မန်ယူအသင်း၏ ကွင်းအမည်မူပိုင်ခွင့်ကို ဝယ်ယူသွားရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent