သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ

သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရ
Published 3 August 2024
ဘိုဘိုမြင့်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိ ကျေးရွာရှိ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊  ဆရာမ ငါးဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

သြဂုတ်လ ၂ ရက်နံနက် ၁၀ နာရီအချိန် ခန့်က ပြောက်ကျားဝတ်စုံများဝတ်ဆင်ထားသော အင်အား ၁၅ ဦးခန့်ရှိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှာ အဆိုပါ အ.ထ.က (ဝဲခမိ) စာသင်ကျောင်းသို့ ရောက်ရှိလာပြီး ကျောင်း အုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ ၂၈ ဦး၊ ကျောင်းစောင့်  တစ်ဦး၊ စာရေး တစ်ဦး၊ သန့်ရှင်းရေး တစ်ဦး စုစုပေါင်း ၃၁ ဦးအား ကျောင်းအပြင်သို့ ခေါ်ထုတ်သွားပြီး ခေါင်းငုံ့ထိုင်ခိုင်းပြီးနောက် ကျောင်းအုပ်ဆရာကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦး၏ အမည်အား ခေါ်၍ ပြောစရာရှိသည်ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦး က ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ကျောင်းထဲကို ပြောက်ကျားဝတ်စုံတွေ၊ လက်နက်ကိုင်တွေ ဝင်လာတော့ ကျောင်းသား၊ ကျောင်းသူတွေ က အကုန်ကြောက်လန့်ကုန်တာပေါ့။ အဲ့ဒီ လက်နက်ကိုင်တွေ ပြန်ထွက်သွားပြီးတော့ ကျောင်းဆင်းလွှတ်လိုက်တယ်။ ဒီနေ့ (သြ ဂုတ်လ ၃ ရက်) က ၀ါတွင်းအဖိတ်နေ့ဖြစ်လို့ ကျောင်းပိတ်ထားပါတယ်” ဟု ပြောကြား သည်။

ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ ငါးဦးအားဝဲခမိကျေးရွာ အရှေ့ဘက် (၂) မိုင်ခန့်အကွာမှာရှိ တောင်ပေါ်ကျေးရွာ ဘက်သို့ ခေါ်ဆောင်သွားသည်ဟု ကြား သိရကြောင်းလည်း ၎င်းင်းဒေသခံက ပြောကြား သည်။

လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားသူများမှာ ရေးမြို့နယ်၊ ခေါဇာမြို့နေ အ.ထ.က (ဝဲခမိ) ကျောင်းအုပ် ဆရာကြီး ဦးမြင့်ဇော်ဦး၊ အထက်တန်းပြ ဆရာမများဖြစ်ကြသည့် မုဒုံမြို့နယ် ကမာ ဝက် မြို့နေဒေါ်ခင်မြတ်မြတ်ထွန်းနှင့် မုဒုံ မြို့နယ် ကော့ပရံကျေးရွာနေ ဒေါ်ခိုင်ခိုင်မိုး၊ ဒု - မူလတန်းပြကျောင်းဆရာများဖြစ်ကြ သည့် သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက် နေ ဦးကျော်စိုးလွင် နှင့် သံဖြူဇရပ်မြို့၊ ကြံ့ခိုင် ရေးရပ်ကွက်နေ ဦးကျော်ဘုန်းဝေ တို့ဖြစ်ကြ ကြောင်း  သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာမှာ သံဖြူဇရပ် - ရေး အမှတ် (၈) ပြည်ထောင်စု ကားလမ်းမကြီးဘေးရှိ ရွာကြီးတစ်ရွာဖြစ် ကြောင်း နှင့် ပြီးခဲ့သည့် ရက်ပိုင်းက ဝဲခမ ကျေးရွာအနီးဝန်းကျင်နှင့် သံဖြူဇရပ် - ရေး ကားလမ်းမတစ်လျှောက်တွင် တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း ဒေသ ခံများ၏ ပြောကြားချက်များအရ သိရသည်။

 

Most Read

Most Recent