လီဂူး-၂ကလပ် ကိန်းအသင်း၏ ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို အမ်ဘာပေ ဝယ်ယူ

လီဂူး-၂ကလပ် ကိန်းအသင်း၏ ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို အမ်ဘာပေ ဝယ်ယူ
Photo: Getty Images
Photo: Getty Images
Published 3 August 2024

 

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ အမ်ဘာပေသည် ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်း၏ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း ကလပ်အသင်းမှ အတည်ပြုကြေညာခဲ့သည်။

အသက်(၂၅)နှစ်အရွယ်ရှိ အမ်ဘာပေသည် ၎င်း၏ကိုယ်ပိုင်ကုမ္ပဏီဖြစ်သည့် Coalition Capital ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှတစ်ဆင့် ရှယ်ယာ(၈၀) ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Oaktree သည် ကိန်းအသင်း၏ ရှယ်ယာ(၈၀)ရာခိုင်နှုန်းကို ၂၀၂၀ ပြည့်နှစ်ကတည်းက ဝယ်ယူပိုင်ဆိုင်ထားခဲ့ပြီး ယခုအခါ Coalition Capital ကုမ္ပဏီသို့ ပြန်လည် ရောင်းချခဲ့သည်။ 

Coalition Capital ကုမ္ပဏီသည် ကလပ်၏ကြွေးမြီများကို ဆပ်ပေးခဲ့ပြီး အသင်းတွင် ယူရို (၁၅)သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။ ကိန်းအသင်း၏ကျန်ရှယ်ယာ (၂၀)ရာခိုင်နှုန်းကို လက်ရှိအသင်းဥက္ကဋ္ဌ ကက်တန်က ပိုင်ဆိုင်ထားကြောင်းသိရသည်။ 

အမ်ဘာပေသည် ရှယ်ယာ (၈၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပြီးသည့်နောက်တွင် အသင်းဥက္ကဋ္ဌ ရာထူးကို အပြောင်းအလဲလုပ်ဖွယ် ရှိနေကြောင်း သိရသည်။

Most Read

Most Recent