ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည့် မော်တော်ယာဉ်များ ယခင်ရက်များထက် များပြား

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည့် မော်တော်ယာဉ်များ ယခင်ရက်များထက် များပြား
မြို့နယ်တစ်ခုရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထွန်း)
မြို့နယ်တစ်ခုရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးထွန်း)
Published 1 August 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည့် မော်တော်ယာဉ်များ ယခင်ရက်များထက် များပြား

■သိုလှောင်ကန်များတွင် ဆီအလုံအလောက်ရှိသည့်အပြင် ဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်နေဟု စက်သုံးဆီအသင်း ပြောကြား

ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် စက်သုံး ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည့် မော်တော်ယာဉ်များ ယခင်ရက်များထက် များ ပြားလာကြောင်း မြို့ခံများ၏ ပြောကြားချက် များအရ သိရသည်။

ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် မော် တော်ယာဉ်များ တန်းစီစောင့်ဆိုင်းပြီးဆီဝယ် ယူရသည့် ဖြစ်စဉ်များ စတင်လာခဲ့ပြီး သြဂုတ် ၁ ရက်တွင် တန်းစီရသည့်မော်တော်ယာဉ် ပိုများလာသည်ဟု ရန်ကုန်မြို့မှ မော်တော် ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

“ဒီနေ့က ပိုများလာတယ်။ ဆီဆိုင်တချို့ က ဆီပြန်ရမယ်ပြောလို့ တချို့ကားတွေက ဘယ်ဆိုင်မှ မသွားတော့ဘဲ ပိတ်ထားတဲ့ဆိုင် တွေမှာပဲ တန်းစီနေကြတယ်။ ဆီကတော့ ဘယ်အချိန်ရောက်မလဲဆိုတာ မသိပေမဲ့ ကား တွေကတော့ တန်းစီနေကြတာပေါ့” ဟု ၎င်းက ပြောကြားသည်။

အလားတူ မန္တလေးမြို့တွင်လည်း စက် သုံးဆီဝယ်ယူရန် တန်းစီနေသည့် မော်တော် ယာဉ်နှင့် ဆိုင်ကယ်များ ယခင်ရက်များထက် ပိုများလာသည်ဟု မြို့ခံတစ်ဦးက ပြောကြား သည်။

“လမ်း ၄၀ က ဦးပိုင်ဆီဆိုင်ကိုတန်းစီတာ သိပ္ပံလမ်း ကွန်ဗင်းရှင်းစင်တာကျော်အထိ ကားတန်းက ငါးမိုင်လောက်ရှိတယ်” ဟု မန္တ လေးမြို့ခံတစ်ဦးက ပြောကြားသည်။

စက်သုံးဆီများကို အဆင်ပြေအောင် အချိန်နှင့် တစ်ပြေးညီဖြန့်ဖြူးပေးနေသည့် အပြင် ဆီသင်္ဘောများလည်း ရောက်ရှိနေ သည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ် ၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်လာသည်။

လောလောဆယ်တွင် ကောလာဟလ သတင်းများနှင့် မီဒီယာတချို့၏ သတင်းမှား များဖြင့် ၀ါဒဖြန့်ချိမှုကြောင့် ရန်ကုန်မြို့အပါ အဝင် မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် သာမန်မဟုတ်ဘဲ ဝယ်လိုအား အထူးမြင့်တက်ခဲ့ကြောင်း၊ မိုးကြီးသည့် ကာ လဖြစ်သဖြင့် ဆီတင်ကားများဘေးအန္တရာယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင် ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ ကြောင်း၊ ယင်းကြောင့် စက်သုံးဆီအရောင်း ဆိုင်များတွင် ယာယီ စက်သုံးဆီ ပြတ်လပ်မှု များ ကြုံတွေ့ခဲ့ရကြောင်း အဆိုပါ အသင်းက ထုတ်ပြန်သည်။

ယာယီ စက်သုံးဆီပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုက အနည်းငယ် ပိုမိုမြင့်တက်လာ ခြင်းကြောင့် ယနေ့ဖြစ်ပျက်နေသည့်အခြေ အနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာ သူအများစုသည် မြို့ကြီးများ‌သို့ ရောက်ရှိလာ သည့်အတွက် စက်သုံးဆီလိုအပ်ချက်လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း၊ သီလဝါရှိ စက် သုံးဆီသိုလှောင်ကန်များတွင်လည်း စက်သုံး ဆီလုံလောက်စွာရှိသည့်အပြင် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများ လည်း စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိ ကြောင်း၊ အသင်းအနေဖြင့် စက်သုံးဆီ ပိုမို လျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက် များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြ သဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန် လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ် ကြောင်း စက်သုံးဆီအသင်းက ထုတ်ပြန်ထား သည်။

Most Read

Most Recent