ဂယ်လာဂါအား ခေါ်ယူရန် အက်သလက်တီကို ဆွေးနွေး

ဂယ်လာဂါအား ခေါ်ယူရန် အက်သလက်တီကို ဆွေးနွေး
Photo: Fabrizio
Photo: Fabrizio
Published 1 August 2024

အက်သလက်တီကိုအသင်းသည် ချယ်လ်ဆီးကွင်းလယ်ကစားသမား ဂယ်လာဂါအား ခေါ်ယူရန်ဆွေးနွေးနေကြောင်း သိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဂယ်လာဂါသည် ယူရို ၂၀၂၄ ပြိုင်ပွဲကြောင့် ယခုအချိန်အထိ ချယ်လ်ဆီးအသင်းနှင့် ပူးပေါင်းခြင်းမရှိသေးပေ။

ချယ်လ်ဆီးအသင်းသည် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် ဂယ်လာဂါအား ယခုနွေတွင် ရောင်းထုတ်ရန်စီစဉ်နေကြောင်း သိရသည်။

ချယ်လ်ဆီးနည်းပြ မာရက်စကာကိုယ်တိုင်က ဂယ်လာဂါအနေဖြင့် ယခုနွေတွင် အသင်းမှ ထွက်ခွာနိုင်ကြောင်း ဝန်ခံထားသည်။

အက်သလက်တီကိုအသင်းသည် အသင်း၏ကွင်းလယ်ကို အင်အားဖြည့်တင်းရန်အတွက် ဂယ်လာဂါကိုခေါ်ယူလိုနေပြီး ချယ်လ်ဆီးအသင်းနှင့်ဆွေးနွေးနေမှုမှာလည်း အဆင်ပြေကြောင်း သိရသည်။

အက်သလက်တီကိုအနေဖြင့် ဂယ်လာဂါနှင့်ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရန် ကြိုးစားရမည်ဖြစ်သည်။

Most Read

Most Recent