အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရေပန်းစားသူများထဲတွင် အစ်ဝစ်ချ်အသင်း၏ လူငယ်နည်းပြ မက်ကန်နာ အံ့အားသင့်ဖွယ် ပါဝင်လာ

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရေပန်းစားသူများထဲတွင် အစ်ဝစ်ချ်အသင်း၏ လူငယ်နည်းပြ မက်ကန်နာ အံ့အားသင့်ဖွယ် ပါဝင်လာ
Photo: Getty Images
Photo: Getty Images
Published 31 July 2024

 

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးမှ နုတ်ထွက်ထားသည့် ဆောက်ဂိတ်၏နေရာတွင် အစားထိုးရန်အတွက် ရေပန်းစားသူများထဲတွင် အစ်ဝစ်ချ်အသင်း၏ လူငယ်နည်းပြ ကီရန်မက်ကန်နာ အံ့အားသင့်ဖွယ် ပါဝင်လာကြောင်း သိရသည်။

မူလက အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် ဘရိုက်တန်နှင့် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ၊ နယူးကာဆယ်နည်းပြ အက်ဒီဟောင်း၊ အင်္ဂလန် ယူ-၂၁ အသင်းနည်းပြ လီကာစလေတို့သာ ရေပန်းအစားဆုံး သုံးဦးအဖြစ် ရှိနေခဲ့ခြင်းဖြစ်သည်။   သို့သော် ယခုအခါ မက်ကန်နာသည် FA ၏ နည်းပြလောင်းလျာများထဲတွင် တစ်ဦးအပါ အဝင် ဖြစ်လာခဲ့ကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။ 

အသက် ၃၈ နှစ်အရွယ်ရှိ မက်ကန်နာသည် အစ်ဝစ်ချ်အသင်းကို နှစ်နှစ်အတွင်း League One မှ ပရီးမီးယားလိဂ်ပြိုင်ပွဲအထိ ဆက်တိုက်တန်းတက်နိုင်စေရန် စွမ်းဆောင်ခဲ့ပြီးနောက် အင်္ဂလန်ဘောလုံးလောကတွင် စောင့်ကြည့်ခံနည်းပြ တစ်ဦး ဖြစ်လာခဲ့သည်။ မြောက်အိုင်ယာလန် နည်းပြဖြစ်သူ မက်ကန်နာအနေဖြင့် နွေရာသီ ကာလအစောပိုင်းကလည်း ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းနည်းပြသစ် ရေပန်းစားသူများထဲတွင် အပါအဝင် ဖြစ်ခဲ့သည်။ 

သို့သော် နောက်ပိုင်းတွင် လက်ရှိကလပ် အစ်ဝစ်ချ်အသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုကာ အသင်းတွင် ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။ The Sun က လက်ရှိ FA နည်းစနစ်ဒါရိုက်တာ ဂျွန်မက်ဒါမို့တ်သည် မက်ကန်နာနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး စပါးအသင်းတွင် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ခဲ့ကြောင်းဖော်ပြခဲ့သည်။ 

FA အနေဖြင့် နည်းပြ သစ်ကို အင်္ဂလိပ်လူမျိုး ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်း မရှိသောကြောင့် မြောက်ပိုင်းအိုင်းရစ်လူမျိုးဖြစ်သည့် မက်ကန်နာအတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်စေခဲ့သည်။ မက်ကန်နာသည် စပါးလူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်ပြီးနောက် ၂၀၂၆ ခုနှစ် တွင် မန်ယူအသင်း ယူ-၁၈ အသင်းနည်းပြအဖြစ် ရောက်ရှိခဲ့ပြီး လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင်မူ အစ်ဝစ်ချ်အသင်းနည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent