ပေပေ ပြန်လာနိုင်မလား

ပေပေ ပြန်လာနိုင်မလား
Photos: Getty Images
Photos: Getty Images
Published 31 July 2024
Taw Lynn

ပေပေဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ထရတ်ဇွန်စပေါ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲသာ ပါဝင်ကစားနိုင်တယ်။ သူ့အနေနဲ့ အဲဒီ (၂၃) ပွဲမှာ (၆)ဂိုးသာ သွင်းယူနိုင်ခဲ့တယ်။ ပေပေဟာ အာဆင်နယ်မှာ ကျဆုံးခဲ့ပေမဲ့ အခုမှ အသက် (၂၉)နှစ်သာ ရှိသေးတာပါ။ အသက် (၂၉)နှစ်ဆိုတာ ဘောလုံးသမားတွေအတွက် အကောင်းဆုံးအသက်အရွယ်ဖြစ်ပြီး အခုရာသီကြိုကို ကြံ့ခိုင်မှုအပြည့်နဲ့ ပြင်ဆင်နေတယ်။ ဒါကြောင့် သူဟာ လာမယ့်ရာသီမှာခြေစွမ်း ပြနိုင်လိမ့်မယ်လို့ယုံကြည်နေပြီး ထရတ်ဇွန်စပေါ်ကနေတစ်ဆင့်ထိပ်တန်းလိဂ်ကို ပြောင်းရွှေ့ခွင့်ရအောင် ကြိုးစားနေတာပါ။ ပေပေက "ကမ်းလှမ်းမှုတွေအားလုံးကို ကျွန်တော် နားစွင့်နေပါတယ်။ ကျွန်တော့်ရဲ့ကိုယ်စားလှယ်အဖွဲ့ကလည်း ကျွန်တော့်ကို အမှန်တကယ်စိတ်ဝင်စားတဲ့ အသင်းတွေရဲ့ ကမ်းလှမ်းမှု ရှိလာမယ်ဆိုရင် ကျွန်တော့်ကို အကြောင်းကြားပါလိမ့်မယ်။ တကယ်လို့ ကမ်းလှမ်းမှုက မသေချာရင်တော့ သူတို့ဆီကနေ ဘာသတင်းမှာ ကျွန်တော် ကြားရမှာ မဟုတ်ပါဘူး။ ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ကျွန်တော့်အနေနဲ့ ငြင်းပယ်ဖို့ မရှိပါဘူး"လို့ ဆိုတယ်။

 

Most Read

Most Recent