ယခင်နှစ် ရာသီကြိုကာလနှင့် ခြားနားသည့်ပုံစံကို ပိုင်ဆိုင်ထားပြီဟု ဂျေးဇူး ဆို

ယခင်နှစ် ရာသီကြိုကာလနှင့် ခြားနားသည့်ပုံစံကို ပိုင်ဆိုင်ထားပြီဟု ဂျေးဇူး ဆို
Photo: X
Photo: X
Published 29 July 2024

အာဆင်နယ်အသင်း၏ ဘရာဇီးလ်တိုက်စစ်ကစားသမား ဂျေးဇူးက မိမိအနေဖြင့် ယခင်နှစ် ရာသီကြိုကာလနှင့် ခြားနားသည့်ပုံစံကို ပိုင်ဆိုင်ထားပြီဟု ပြောကြားခဲ့သည်။

မန်ယူအသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် ချေပဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သည့် ဂျေးဇူးက ''ပြီးခဲ့တဲ့နှစ် ရာသီကြိုတုန်းက ကျွန်တော့်ဒူးမှာ ဒဏ်ရာရှိနေတာကြောင့် ကျွန်တော် ကစားလို့ မကောင်းခဲ့ပါဘူး။ ဒီရာသီမှာတော့ ခြားနားသွားပါပြီ။ အားလပ်ရက်တွေမှာ ကျွန်တော် ပျော်ရွှင်နိုင်ခဲ့သလို၊ အတော်လေးလည်း လေ့ကျင့်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ အခု ကျွန်တော် ကွဲပြားခြားနားတဲ့ပုံစံနဲ့ ဘောလုံးပြန်ကစားနိုင်ပါပြီ''ဟု ပြောကြားခဲ့သည်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ဂျေးဇူးကို စိတ်အားထက်သန်မှုအပြည့်နှင့် မြင်တွေ့နေရကြောင်း သုံးသပ်ခဲ့သည်။

Most Read

Most Recent