သံလွင်မြစ်ရေသည် ဘားအံမြို့၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးကျော်လွန်ရောက်ရှိနေ

သံလွင်မြစ်ရေသည် ဘားအံမြို့၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးကျော်လွန်ရောက်ရှိနေ
​​​​​​​ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့အတွင်းရှိ ရပ်ကွက်အချို့၌ ရေဝင်ရောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- MFSD)
​​​​​​​ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဘီးလင်းမြို့အတွင်းရှိ ရပ်ကွက်အချို့၌ ရေဝင်ရောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- MFSD)
Published 25 July 2024

သံလွင်မြစ်ရေသည် ဘားအံမြို့နှင့် ရွှေ ကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေ မှတ်အထက်သို့ အသီးသီးကျော်လွန်ရောက် ရှိနေကြောင်း ဇူလိုင် ၂၅ ရက်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ် ပြန်သည်။

ထုတ်ပြန်ချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် ၂၄ ဒသမ ၆၁ ပေအထက်သို့ တစ်ပေကျော်ခန့် ကျော်လွန် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ် ၂၂ ဒသမ ၉၇ ပေအထက်သို့ လေးပေခွဲကျော်ခန့် ကျော်လွန်ရောက်ရှိနေ ပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အ တွင်း တစ်ပေခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည် ရှိနိုင်ကြောင်း သိရသည်။

ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် စိုးရိမ်ရေမှတ် ၃၃ ဒသမ ၅၃ ပေအထက်သို့ တစ်လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း နှစ်ပေခွဲခန့် မြင့် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရ သည်။ ယင်းအတွက်ကြောင့် ဘားအံ၊ ဘီး လင်းနှင့် ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်း အနီး နှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက အသိ ပေးထားကြောင်း သိရသည်။

ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း မြစ်ရေခန့်မှန်းချက်အနေဖြင့်လည်း ဧရာဝတီ မြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူနှင့် ကသာမြို့တို့တွင် တစ်ပေမှ ငါးပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ မင်း ဘူး၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် သုံးပေမှ ခြောက်ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင် ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း မြို့နှင့် ဖောင်ပြင်မြို့တို့တွင် ခြောက်ပေမှ ရှစ် ပေခန်နှင့် မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ၁၀ ပေမှ ၁၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင် ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေ စာရံမြို့တို့တွင် တစ်ပွခွဲမှ နှစ်ပေခွဲခန့်၊ စစ် တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက် မြို့တို့တွင် သုံးပေမှ လေးပေခန့်၊ ရွှေကျင်မြစ် ရေသည် ရွှေကျင်မြို့တွင် သုံးပေခန့်၊ ပဲခူးမြစ် ရေသည် ဇောင်းတူနှင့် ပဲခူးမြို့တို့တွင် နှစ်ပေ မှ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် နှစ်ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝ တီမြို့တွင် သုံးပေခန့်၊ ငဝန်မြစ်ရေသည် ပုသိမ် မြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် လေးပေခန့် လက်ရှိရေ မှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

မြစ်သာမြစ်ရေသည် ကလေးမြို့တွင် နှစ် ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့ တွင် လေးပေခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်း ချောင်းမြို့နှင့် သာပေါင်းမြို့တို့တွင် နှစ်ပေမှ လေးပေခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့ တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။

Most Read

Most Recent