မော်ဒန်ဘောလုံးလောကတွင် ကစားသမားများသည် နည်းပြများ၏ချီးကျူးမှုကို အလွယ်တကူရနေကြောင်း ရွိုင်ကင်း ပြောကြား

မော်ဒန်ဘောလုံးလောကတွင် ကစားသမားများသည် နည်းပြများ၏ချီးကျူးမှုကို အလွယ်တကူရနေကြောင်း ရွိုင်ကင်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 25 July 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူဂန္ထဝင် ရွိုင်ကင်းက မော်ဒန်ဘောလုံးလောကတွင် ကစားသမားများအနေဖြင့် နည်းပြများ၏ချီးကျူးမှုကို အလွယ်တကူရနေကြောင်းနှင့် ၎င်းတို့ခေတ်က နည်းပြဆီမှ ချီးကျူးခံရရန် အလွန်ခဲယဉ်းကြောင်း ပြောကြားခဲ့သည်။

ရွိုင်ကင်းသည် ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်ရာတွင် ကစားသမားများကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသူဖြစ်ပြီး ၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့် ပြီးခဲ့သည့်ရာသီက ခြေစွမ်းမပြနိုင်ခဲ့သည့် မန်ယူအသင်းတို့ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သူဖြစ်သည်။

The Overlap Special အစီအစဉ်တွင် ရွိုင်ကင်းက ''နည်းပြတိုင်းက ကွဲပြားခြားနားပါတယ်။ ကျွန်တော် နော်တင်ဟမ်ဖောရက်စ်မှာ ကစားတုန်းက နော်တင်ဟမ်ဖောရက်စ်ကစားသမားတွေဟာ သူတို့နည်းပြ ဘရိုင်ယန်ကလောက်ချ်ဆီက ချီးကျူးမှုကို ရချင်တယ်လို့ ညည်းကြတယ်။ ဂျွန်ရောဘတ်ဆန်ဆိုရင် တစ်ခါက ဘရိုင်ယန်ကလောက်ချ် သူ့ကိုလက်မထောင်ပြလို့ (၁၀) ပေလောက် မြောက်သွားသလို ခံစားရတယ်လို့တောင် ပြောခဲ့ဖူးတယ်။ ဒီနေ့ခေတ်မှာတော့ ကစားသမားတွေက နည်းပြရဲ့ချီးကျူးမှုကို အလွယ်ရနေကြပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent