![Photo: Transfermarkt](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/de-ligt-matthijs-2023-2024-bayern-munich-1034736874hjpg-1697538056-119606.jpg?itok=hRF_ngvw)
ဘိုင်ယန်မြူးနစ်အသင်းသည် နယ်သာလန်နောက်ခံလူ ဒီလစ်အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)အထက် ရရှိရန် လိုလားနေကြောင်း သိရသည်။
ဒီလစ်(၂၄ နှစ်)သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဟု သတင်းထွက်နေသော်လည်း အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းမှုမှာမူ ကွာဟချက်ရှိနေ ကြောင်း သိရသည်။
မန်ယူအသင်းသည် ဒီလစ်ကို ယူရိုသန်း(၃၀)+ Add-ons ကြေး ယူရို(၅)သန်းဖြင့် ကမ်းလှမ်းခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဒီလစ်အတွက် ယူရိုသန်း(၅၀)+ Add-ons ကြေး အလိုရှိနေသည့်အတွက် အပြောင်းအရွှေ့မဖြစ်မြောက်သေးခြင်းဖြစ်ကြောင်း သိရသည်။