သာပေါင်းမြို့နယ် သစ်စိမ့်ကုန်းကျေးရွာနှင့် ဂွေးတောက်ကွင်းကျေးရွာ ရွာချင်းဆက်တာ ကျိုးပေါက်မှု ဖြစ်ပွား

သာပေါင်းမြို့နယ် သစ်စိမ့်ကုန်းကျေးရွာနှင့် ဂွေးတောက်ကွင်းကျေးရွာ ရွာချင်းဆက်တာ ကျိုးပေါက်မှု ဖြစ်ပွား
Published 23 July 2024

သာပေါင်းမြို့နယ် သစ်စိမ့်ကုန်းကျေးရွာ နှင့် ဂွေးတောက်ကွင်းကျေးရွာ ရွာချင်းဆက် တာကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင် ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ဇူလိုင် ၂၂  ရက် နံနက် ၁၀ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်း မြို့နယ် ဒည်ကုန်းကျေးရွာအုပ်စု သစ်စိမ့်ကုန်း ကျေးရွာနှင့် ဂွေးတောက်ကွင်းကျေးရွာ ရွာ ချင်းဆက်တာ ကျိုးပေါက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာပေါင်းမြို့နယ်မီးသတ် စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအ ဖွဲ့အစည်းများနှင့် ပူးပေါင်း၍  သဲအိတ်ချခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့တွင် ငဝန်မြစ်ရေသည်  စိုးရိမ်ရေမှတ်အထက် တစ်ပေခန့် ရောက်ရှိ နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဇူ လိုင် ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၀ ဒသမ ၃၄ ပေ ( ၆၂၀ စင်တီမီတာ) အထက်သို့ တစ်ပေခန့် (၃၃ စင်တီမီတာ) ကျော်လွန်နေပြီး အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည် ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

Most Read

Most Recent