နစ္စတယ်ရွိုင်းဆီက ဘာတွေမျှော်လင့်နိုင်မလဲ

နစ္စတယ်ရွိုင်းဆီက ဘာတွေမျှော်လင့်နိုင်မလဲ
Photos: AFP & X
Photos: AFP & X
Published 17 July 2024
Taw Lynn

နစ္စတယ်ရွိုင်းရဲ့ နည်းပြဘဝစွမ်းဆောင်မှုတွေထက် မန်ယူအသင်းမှာ ပြသခဲ့တဲ့ ကစားသမားဘဝ စွမ်းဆောင်မှုက ပိုပြီးတော့ အထင်ကြီးစရာကောင်းတယ်။ နစ္စတယ်ရွိုင်းဟာ မန်ယူအသင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ (၅)ရာသီ ကစားခဲ့ပြီး နာမည်တစ်လုံးတည်ဆောက်နိုင်ခဲ့သလို၊ အသင်းအတွက် ပြိုင်ပွဲစုံ (၂၁၉)ပွဲမှာ ဂိုး(၁၅၀)အထိ သွင်းယူပေးခဲ့တာပါ။ နစ္စတယ်ရွိုင်းဟာ မန်ယူကစားသမားဘဝ ပထမဆုံးရာသီမှာ ဂိုး(၃၀)သွင်းယူခဲ့ပြီး ဒုတိယရာသီမှာ (၄၄)ဂိုးအထိ သွင်းယူခဲ့တယ်။ လက်ရှိ မန်ယူအသင်းရဲ့ တိုက်စစ်ကတော့ လိုအပ်ချက်တွေရှိနေပြီး ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်နေတယ်။ ကြယ်ပွင့်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ (၄၈)ပွဲမှာ (၈)ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ နစ္စတယ်ရွိုင်း ရောက်လာခြင်းက မန်ယူအသင်းရဲ့လိုအပ်ချက်တွေ ရှိနေတဲ့ တိုက်စစ်ပိုင်းကို တိုးတက်လာစေမလား။

 

Most Read

Most Recent