ဘဏ်ဂယက်နဲ့ လက်တွေ့မှာ ဘာတွေဖြစ်နေလဲ

ဘဏ်ဂယက်နဲ့ လက်တွေ့မှာ ဘာတွေဖြစ်နေလဲ
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုကို တွေ့ရစဉ်
Published 14 July 2024

လတ်တလောတွင် ပုဂ္ဂလိကဘဏ်များ အပေါ် ပြည်သူများက စိုးရိမ်မှုမြင့်တက်ကာ ငွေထုတ်သူ များပြားလာကြောင်း၊ အချို့မှာ လိုသလောက်ထုတ်၍မရဘဲ အကန့်အသတ်ဖြင့်သာ ငွေထုတ်၍ရကြောင်း စသည်ဖြင့် ဘဏ်နှင့် ပတ်သက်သည့်သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။

ထို့ပြင် သိန်းနှင့်ချီသောငွေသားပမာဏကို ဘဏ်များ၌ သွားရောက်ထုတ်ယူရာတွင်  အခက်အခဲကြုံရသည်သာမက တစ်သောင်း၊ နှစ်သောင်းမှသည် တစ်သိန်း၊ နှစ်သိန်းပမာ ဏကို ယခင်က  K pay , Wave Pay ဆိုင်များ တွင် လွယ်လင့်တကူ ထုတ်ယူ၍ရသော် လည်း ယခုရက်ပိုင်းအတွင်းမူ တစ်သိန်း ထုတ်လျှင် ကျပ် ၁၅၀၀၊ ၁၀ သိန်းထုတ်လျှင် ကျပ် ၁၅၀၀၀ အထိပေးကာ ထုတ်ယူနေရ သည့်အခြေအနေများ ကြုံတွေ့နေရကြောင်း၊ ထို့အတွက် ရာခိုင်နှုန်းဖြင့် ငွေသားထုတ်နေရသည့် အခြေအနေပြန်ရောက်နေပြီလားဟု ပြည်သူများက စိုးရိမ်မှုများ ရှိနေသည်။

အခြားတစ်ဖက်တွင် ရွှေစျေး၊ ဒေါ်လာ စျေးနှင့် သတ်မှတ်အိမ်ရာချေးငွေထက် ပိုမို ၍ ချေးငွေထုတ်ချေးခဲ့သည့် ပုဂ္ဂလိကဘဏ်များအပေါ် ဗဟိုဘဏ်က အရေးယူခဲ့သည့် ထုတ်ပြန်ချက်များ ထွက်ပေါ်ပြီးနောက် ဘဏ်နှင့်ပတ်သက်သည့် ကောလာဟလသတင်းများ ထပ်မံထွက်ပေါ်ခဲ့ကာ ဘဏ်များတွင် ငွေသားထုတ်ယူမှု ပိုများလာခဲ့သည်။

         ဘဏ်များက သတ်မှတ်ချက်နှင့်အညီ  ထုတ်ပေးနေတယ်လို့ ပြောကြားလိုက်တဲ့ ဗဟိုဘဏ်

ပြည်သူများအနေဖြင့် မိမိတို့အပ်နှံထား သည့်အပ်နှံငွေအမျိုးအစားအပေါ်မူတည် ပြီး ငွေထုတ်ယူရာတွင်  ကွဲပြားမှုရှိနိုင်သည်။

ထို့ပြင် ငွေစုဘဏ်စာရင်း Saving account ဆိုပါက တစ်ပတ်လျှင် တစ်ကြိမ် ငွေထုတ်ယူနိုင်ပြီး စာရင်းသေအပ်ငွေ fix deposit ဆိုပါက သက်တမ်းပြည့်ချိန်တွင် ထုတ်ယူနိုင်ကြောင်း၊ saving account အပါအဝင် အပ်ငွွေစာရင်းအဟောင်းများနှင့် ပတ်သက်ပြီး  ဘဏ်မှငွေထုတ်ယူရာ၌ ၂၀၂၂ ခုနှစ် ဧပြီလက မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်ခဲ့သည့် ငွေသားစီမံခန့်ခွဲမှုအဆင် ပြေစေရေးသတ်မှတ်ချက်ပါအတိုင်း ငွေသား ထုတ်ယူမှုအပြင် ဒစ်ဂျစ်တယ်နည်းလမ်းများ ဖြစ်သည့် mobile  ဘဏ်လုပ်ငန်း၊ internet ဘဏ်လုပ်ငန်း၊ account transfer များနှင့် ဘဏ်ဝန်ဆောင်မှုများကို အကန့်အသတ် မရှိ ဆောင်ရွက်နိုင်ကြောင်း ဗဟိုဘဏ်မှ သိရသည်။

ဘဏ်များ၏ လိုအပ်ချက်ငွေသားများ ကို လုံလောက်စွာ ဖြည့်ဆည်းထုတ်ပေးလျက် ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြား သည်။

“ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏ လို အပ်ချက် ငွေသားများကို လုံလောက်စွာဖြည့် ဆည်းထုတ်ပေးလျက်ရှိပါတယ်။ ဘဏ်များအ နေဖြင့်လည်း လာရောက်ထုတ်ယူသူများကို ဘဏ်တွင်သိုလှောင်နိုင်သည့် ငွေသားပမာဏ အတွင်း သတ်မှတ်ချက်များနှင့်အညီ ဆောင် ရွက်ထုတ်ပေးလျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်း အောင်က ပြောကြားသည်။

ယခင်ကလည်း ကောလာဟလများ ကြောင့် ပြည်သူများက ဘဏ်များမှငွေများစုပုံ ထုတ်ယူခြင်းကို ကောင်းမွန်စွာ ထိန်းကျောင်း နိုင်ခဲ့ပြီး ဘဏ်များ၏ ငွေသွင်းငွေထုတ်အပ်နှံ ငွေအခြေအနေများကို နေ့စဉ်စောင့်ကြည့် ထိန်းကျောင်းနေသည်ဟု ၎င်းင်းက ဆက်လက် ပြောကြားသည်။

“နေ့စဉ်အချိန်နှင့်အမျှ ဘဏ်များ၏ ငွေသွင်းငွေထုတ်အပ်နှံငွေ အခြေအနေများကို စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် ပြည်သူများအနေဖြင့် ကောလာဟလသတင်း များအပေါ် နားယောင်နေရန်၊ စိုးရိမ်ပူပန်နေ ရန်မလိုအပ်ဘဲ ယုံကြည်စွာဖြင့် အများပြည်သူ အကျိုးကို ကြည့်၍ပူးပေါင်းဆောင်ရွက်သွား ရန် ပြောကြားလိုပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင် က ပြောကြားသည်။

ဘဏ်များအနေဖြင့်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ငွေသားထုတ်ယူ ခွင့်ပြုနိုင်ရေးအတွက် ယခင်ကတည်းက အ ကြိမ်ကြိမ် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

“ဥပမာ special account ဖြစ်ပါက ငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားပါတယ်” ဟု ၎င်းင်းက ပြော ကြားသည်။

          စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသားအပ်နှံထားသော special accountများနှင့်စပ်လျဉ်း၍ ငွေ သားပြန်လည်ထုတ်ယူခြင်းအတွက် ကန့် သတ်ချက်မရှိ ပြန်လည်ထုတ်ယူခွင့်ပြုထား ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကပြော ကြားသည်။

ပြည်ပရောက် exile မီဒီယာများ ဖော်ပြ‌နေမှုနှင့် ပြည်တွင်းရှိ လုပ်ငန်းရှင်အချို့၏ ပြောကြားချက်အရ special account များမှ ကျပ် ၁၀ သိန်းမှ သိန်း ၂၀ သာထုတ်ယူ၍ ရတော့သည်ဆိုသော ဖြစ်စဉ်နှင့် ပတ်သက် ၍ မှန်ကန်မှု ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြန် လည်ဖြေကြားရာတွင် ဗဟိုဘဏ်က အထက် ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ် သည်။

စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းများက ဘဏ်များတွင် ငွေသားအပ်နှံထည့်သွင်းထား သော ဘဏ်စာရင်းသစ် ( special account) များနှင့်စပ်လျဉ်း၍ ငွေသားပြန်လည်ထုတ် ယူခြင်းအတွက် အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ပြန်လည်ထုတ်ယူခွင့်ပြုပြီး ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောကြားသည်။

ထို့ပြင် ဘဏ်တစ်ခုအတွင်းရှိ ငွေစာရင်း များအချင်းချင်းအကြား ငွေစာရင်းလွှဲပြောင်း ခြင်း (account transfer) ကို ပိုမိုအသုံးပြုရန် နှင့် ငွေသားထုတ်ယူခြင်းများကို မဖြစ်မနေ ကိစ္စရပ်များအတွက်သာ ထုတ်ယူရန် အများ ပြည်သူသို့ ပန်ကြားထားပြီးဖြစ်ကြောင်း ဗဟို ဘဏ်က ပြောကြားသည်။

ပုဂ္ဂလိကဘဏ်ဂယက်

ဗဟိုဘဏ်၏ သတ်မှတ်ချက်ထက် အိမ် ရာချေးငွေ ကျော်လွန်ထုတ်ချေးထားသည့် ပုဂ္ဂလိဘဏ် ခုနစ်ခုကို အရေးယူမည်ဟုလည်း နစကက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းသို့အရေးယူမည့် ဘဏ်ခုနစ်ခုတွင် ရိုးမဘဏ်လည်း ပါဝင်ကာ ရိုးမဘဏ်က ဗ ဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင် နှုန်းအထိ ကျော်လွန်ထုတ်ချေးထားကြောင်း သိရသည်။ အဆိုပါသတင်းများ  ထုတ်ပြန်ပြီး နောက် ရိုးမဘဏ်နှင့်ရိုးမအုပ်စု တည်ထောင် သူ ဦးသိမ်းဝေ (ခ) serge pun အား  နေ ပြည်တော်၌ စစ်ဆေးမှုများ ပြုလုပ်နေသည် ဆိုသည့် ကောလာဟလသတင်းများ ထွက် ပေါ်ခဲ့သည်။

ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါ ချမှုများနှင့် ပတ်သက်၍ စစ်ဆေးမေးမြန်း ခံရခြင်း၊ ထိန်းသိမ်းခံရခြင်းသတင်းသည် သတင်းမှားဖြစ်ဟု ရိုးမဘဏ်က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ရိုးမဘဏ်၏ အသိပေးကြေညာချက် တွင် ရိုးမဘဏ်ဒါရိုက်တာများ ငွေကြေးခဝါချ မှုများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခံ ရခြင်း၊ ထိန်းသိမ်းခံရခြင်း စသည့်သတင်းများ သည် မဟုတ်မမှန် မသမာသည့် ရည်ရွယ် ချက်နှင့် ထုတ်လွှင့်သည့် သတင်းမှားသာ ဖြစ် ကြောင်းနှင့် နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍနှင့် ငွေကြေးစျေးကွက်မတည်ငြိမ်မှုဖြစ်စေ ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့မတည်ငြိမ်မှုများကြောင့် ပြည်သူတို့ ၏ အကျိုးစီးပွား ထိခိုက်စေရန် ဆောင်ရွက် ချက်များဖြစ်ကြောင်း၊ ထို့ကြောင့် ရိုးမဘဏ် အနေဖြင့် မဟုတ်မမှန် သတင်းဖြန့်ချိသူများကို တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုပြီး ဥပဒေ ကြောင်းအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

         

ပြည်သူတွေ ကြုံနေရတဲ့ လတ်တလောဂယက်များ

ဗဟိုဘဏ်၏သတင်းထုတ်ပြန်ချက် များတွင် ငွေသားထုတ်ယူမှုအပေါ် ကန့် သတ် ချက်မထားရှိဘဲ ငွေသားထုတ်ပေးနေကြောင်း ဖော်ပြထားသော်လည်း  ဘဏ်တွင် လက်တွေ့ သွားရောက် ထုတ်ယူသည့်အခါ အချို့သော ပုဂ္ဂလိကဘဏ်များက ကန့် သတ်ချက်ဖြင့်သာ ထုတ်ပေးနေကြောင်း ပြည်သူများထံမှ သိရ သည်။

“ခုရက်ထဲကြားနေရတဲ့သတင်းတွေ ကြောင့် ဘဏ်မှာထားတဲ့ကိုယ့်ပိုက်ဆံ မထား ရဲလို့ သွားထုတ်တာ။ လူတွေက သတင်းအမျိုး မျိုးကြားပြီး လာထုတ်ကြတာ။ ဘဏ်မှာ ကိုယ့် လိုလူတွေအများကြီးပဲ။ ကိုယ့်ချွေးနှဲစာတွေ လေ စိတ်ပူတယ်။ အဲဒါကြောင့် သွားထုတ် တာ။ အရင်နေ့က တစ်ဘဏ်ကို ငါးသိန်းပဲ ထုတ်လို့ရတယ်။ နောက်နေ့တော့ ကျွန်မ ၃၅ သိန်းထုတ်တာ အကုန်ရတယ်။ အရင်နေ့က ဘာလို့ ငါးသိန်းပဲရပြီး နောက်နေ့မှာ ၃၅ သိန်း ထုတ်တာ ၃၅ သိန်းအကုန်ရလဲတော့ ကျွန်မ လည်း မသိတော့ဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် တွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ဘဏ်များအပေါ် ပြည်သူများက စိုးရိမ်  စိတ်ဖြင့် ငွေထုတ်ယူနေကြချိန် ဘဏ်များက  လိုသလောက်ထုတ်မပေးနိုင်ခြင်းက ပြည်သူ များ၏စိုးရိမ်မှုကို ပိိုမိုမြင့်တက်စေခဲ့သည်ဟု လည်း သိရသည်။

“ကိုယ်လည်း သတင်းတွေကို မယုံချင်  ပါဘူး။ စီးပွားရေးလုပ်မစားတတ်လို့ ဘဏ်တိုး နဲ့ပဲစားမယ်ဆိုပြီး ဘဏ်မှာအပ်ထားတာ။ သူ များတွေလို ဒေါ်လာတွေဘာတွေကိုင်ရတာ လည်း ကိုယ်က မကျွမ်းကျင်ဘူးလေ။ ဒါပေမဲ့  တကယ်လည်း ဘဏ်သွားထုတ်တော့ ရတဲ့သူ ကရတယ်။ ထုတ်ပေးတဲ့ဘဏ်က ထုတ်ပေး တယ်။ တချို့လည်း မရကြဘူး။အဲဒီတော့ သူ သူကိုယ်ကိုယ် ပိုပြီးစိတ်ပူကြတာပေါ့။ တကယ် ဆို လက်ထဲမှာ ပိုက်ဆံများများမထားချင်ဘူး။  ကိုယ့်လက်ထဲ ငွေကိုင်ထားရတာလည်း စိတ် မချပြန်ဘူး။ တချို့တော့ ရွှေတွေဝယ်စုတယ်။ အခုရွှေစျေးတွေက သိတဲ့အတိုင်းပဲလေ။ ဘာ လုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး”ဟု တာ မွေမြို့နယ်တွင် နေထိုင်သူ မမီးမီးက ပြောပြ ခဲ့သည်။

ယခင်လပိုင်းက ATM စက်များတွင်  လွယ်လင့်တကူ ငွေထုတ်ရသဖြင့် အဆင်ပြေ နေသော်လည်း ယခုဇူလိုင်လဆန်းတွင် ATM စက်အများစု ငွေထုတ်မရဘဲ အများ စုမှာ Error တက်နေကြောင်းလည်း သိရ သည်။

“ပိုဆိုးတာက အရင်ကဆို k pay တို့ wave တို့နဲ့ ပိုက်ဆံတစ်သောင်းကအစ ထုတ် သုံးတယ်။ ထုတ်ခတော့ ပေးရတာပေါ့လေ။ ငါးသောင်းထုတ်ရင် ၂၀၀၊ ၃၀၀ ပေးရတယ်၊ တစ်သိန်းထုတ်ရင် ၅၀၀။ အခုလေ တစ်သိန်း ထုတ်ရင် ၁၅၀၀ တဲ့ဗျာ။ ဒါတောင် ဆိုင်တိုင်း လွယ်လွယ်ကူကူထုတ်မရဘူး။ နောက်ရက်မှ  ပြန်လာခဲ့ပါ ပြောလွှတ်တဲ့ဆိုင်တောင်ရှိတယ်၊ လိုင်းကျနေလို့ပါ ဘာညာနဲ့။ တကယ်လိုင်းကျ မကျတော့ ကျွန်တော်လည်း မသိဘူး။ အဲဒီ တော့  ပိုစိတ်ပူကြတာပေါ့ဗျာ။ နောက်ပြီးတော့ စားသောက်ဆိုင်တချို့ဆိုရင် ငွေသားနဲ့ရှင်းမှ၊  သူတို့ဆိုင်ကြီးတွေမှာ အနည်းဆုံး k pay  နဲ့  ရှင်းရင် ရသင့်တာပေါ့။ တချို့ KTV တွေဆို လည်း k pay နဲ့ရှင်းရင် နှစ်ရာခိုင်နှုန်း ထပ်ယူ သေးတယ်။ ငွေထုတ်ရခက်တယ်ဆိုပြီး k pay နဲ့ ရှင်းတာ လက်မခံတဲ့ဆိုင်တွေ online shop တွေများလာတယ်”ဟု သင်္ဃန်းကျွန်းမြို့ နယ်တွင် နေထိုင်သူ ကိုပိုင်ကိုက ပြောကြားခဲ့ သည်။

“ဘဏ်လုပ်ငန်းဆိုတဲ့အဓိကအလုပ်က ငွေအပ်သူဆီက ငွေကို အတိုးပေးလက်ခံတာ။ ငွေလိုသူဆီက အတိုးယူပြီး ချေးငွေထုတ်ချေး ပေးတာဖြစ်ပါတယ်။ အဲဒါကိုမှ သတ်မှတ် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့လုပ်ရတာ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းမှာလည်း မသေ ချာမရေရာမှု ဆိုတာရှိတယ်။ အဲဒါကိုမှ ဘယ် လိုနည်းနဲ့ မရေရာမသေချာမှုတွေ နည်း အောင်လုပ်မလဲဆိုတာ စီမံခန့်ခွဲရတယ်။ အဲဒါက ဘဏ်လုပ်ငန်းရဲ့ အရေးပါတဲ့ပညာ ဖြစ်ပါတယ်”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

သို့သော်လည်း ပြည်သူများအကြား ငွေထုတ်ရခက်ခဲခြင်း၊ ယင်းသို့ ခက်ခဲလေ ဘဏ်အပေါ် ပြည်သူများ၏ ယုံကြည်မှုကျ ဆင်းကာ ငွေသားပိုမိုထုတ်ယူလေဖြစ်နေကြ   သည်။

ဘဏ်များမှာ ငွေသားထုတ်ယူမှုများပြီး မလိုလားအပ်သော ငွေကြေးဖောင်းပွမှုဖြစ် ကာ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရ သဖြင့် စိစစ်အရေးယူမှုများ လုပ်ဆောင်နေ ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြား သည်။

“ ငွေသားထုတ်ယူမှုများ၍ မလိုလားအပ် သော ငွေကြေးဖောင်းပွမှုဖြစ်ကာ ကုန်သွယ်မှု မတည်မငြိမ်ဖြစ်ခြင်း၊ ကုန်စျေးနှုန်းကြီးမြင့် ခြင်းနှင့် ကုန်စျေးနှုန်းကစားသူများကြောင့် ပြည်သူများအနေဖြင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ကို ခံစားနေကြရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ မသမာမှုများ ဆောင်ရွက်သူများ၊ စျေးကစားသူများကို သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများက စိစစ်အရေးယူဆောင်ရွက်မှု များလည်း လုပ်ဆောင်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

လက်ရှိအခြေအနေများတွင် မီဒီယာအ ချို့၏ သွေးထိုးလှု့ံဆော် ရေးသားမှုများကြောင့်  ပြည်သူများစိုးရိမ်ပူပန်မှုဖြစ်ကာ ဘဏ်များမှ ငွေသားထုတ်ယူမှုများရှိနေပြီး မသမာသော စီးပွားရေးသမားများမှ ဒေါ်လာစျေး၊ ရွှေစျေး၊ ဟွန်ဒီစျေးကစားမှုများကြောင့် ပိုမိုစိုးရိမ်လာ ပြီး ငွေသားထုတ်ယူကြခြင်း၊ ငွေကြေးမတည် ငြိမ်မှုဖြစ်ခြင်းမှတစ်ဆင့် ကုန်စျေးနှုန်းများမ တည်ငြိမ်မှုကို ဖြစ်ပေါ်စေကာ ကိုယ်ကျိုးစီး ပွားရှာနေသည်ကို တွေ့ရှိရသည်ဟု ဗဟို ဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ဘဏ်စနစ်တစ်ခုလုံး လုံခြုံခိုင်မာမှုရှိစေ ရန် ဘဏ်များက နိုင်ငံတော်ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ အစီရင်ခံစာများ ပေးပို့ရကြောင်း သိရသည်။ နေ့စဉ်ပေးပို့ရသည့် အစီရင်ခံစာများမှာ မ တည်ရင်းနှီးငွေ၊ အပ်ငွေ၊ ချေးငွေ၊ ငွေလွှဲ ဆောင်ရွက်မှု၊ ဝင်ငွေနှင့် အသုံးစရိတ်၊ အစိုးရ ငွေချေးသက်သေခံလက်မှတ်များပိုင်ဆိုင်မှု၊ ငွေဝင်^ငွေထွက်စာရင်း၊ အစမ်းရှင်းတမ်း အခြေအနေနှင့် နေ့စဉ်ထိန်းသိမ်းရမည့် နိုင်ငံ ခြားငွေကြေးအခြေအနေတို့ဖြစ်သည်။ အ ပတ်စဉ်ပေးပို့ရမည့်အစီရင်ခံစာမှာ ငွေကြေး လွယ်ကူမှုအချိုးဖြစ်သည်။ လစဉ်ပေးပို့ရမည့် အစီရင်ခံစာများမှာ ဝင်ငွေနှင့် အသုံးစရိတ် အခြေအနေ၊ လက်ကျန်ရှင်းတမ်း၊ မတည်ငွေ ရင်း လုံလောက်မှုအချိုးနှင့် ရရန်ပိုင်ခွင့်အ မျိုးအစားခွဲခြားခြင်းနှင့် လျာထားခြင်းစာရင်း၊ သုံးလတစ်ကြိမ်ပေးပို့ရမည့်အစီရင်ခံစာများ မှာ ပမာဏကြီးမားသော ကြွေးမြီများစာရင်း၊ ကဏ္ဍအလိုက်ထုတ်ချေးထားသောငွေစာရင်း နှင့် အာမခံအမျိုးအစားအလိုက်ချေးငွေစာ ရင်း၊ နှစ်စဉ်ပေးပို့ရသော အစီရင်ခံစာများ မှာ ဘဏ်၏ နှစ်ချုပ်အစီရင်ခံစာနှင့် ပြင်ပစာ ရင်းစစ်အစီရင်ခံစာတို့ဖြစ်သည်။

“လတ်တလော ရွှေစျေးတွေ၊ ဒေါ်လာ စျေးတွေ အမျိုးမျိုးဖြစ်နေတယ်။ဒါတွေက မြန်မာပြည်မှာ ဖြစ်နေကျကိစ္စပေါ့။ တစ်ခုခု ဆို ဝယ်လိုက်ရောင်းလိုက်နဲ့ အကျိုးအမြတ် ရှိသူထက် မရှိသူများပါတယ်။ ဘဏ်တစ်ခု ဆိုတာ ဒီခေတ်ဒီအခါမှာ ဘယ်သူမှ ပြိုလဲမခံ ပါဘူး။ ဘဏ်ဆိုတာ ကိုယ်ကျိုးချည်းပဲကြည့် တဲ့လုပ်ငန်းတစ်ခုမဟုတ်ဘူး။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့လုပ်ငန်း တစ်ခုဖြစ်ပါတယ်။ ဘဏ်တစ်ခု ပြိုလဲတယ် ဆိုတာ ဆူနာမီလာသလိုပဲ။ တိုင်းပြည်အတွက် သိပ်နစ်နာပါတယ်။ နှစ်ပေါင်းများစွာတည် ဆောက်လာတဲ့ ယုံကြည်မှုကို မပျက်စေချင် ဘူး။ ကောလာဟလကနေ အများပြည်သူအ ထိတ်တလန့်ဖြစ်တာမျိုး မဖြစ်စေချင်ဘူး”ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ဦးဆောင်သော တာဝန်ရှိသူများနှင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘဏ်များမှ နာယကများ၊ ဥက္ကဋ္ဌများ ဘဏ် လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ သည်။

ယင်းဆွေးနွေးပွဲတွင် နစကအတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဘဏ်များသည် ငွေအပ်နှံသူများ၏ အကျိုး စီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသကဲ့သို့ ငွေကြေးစနစ်တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ခိုင်မာ သည့် အခြေအနေဖြစ်ပေါ်လာစေရေး အစိုးရ၊ ဗဟိုဘဏ်နှင့်ဘဏ်များ ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စျေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် ဗဟို ဘဏ်နှင့် ဘဏ်များသည် သီးခြားလွတ်လပ် စွာ ဆောင်ရွက်နိုင်သော်လည်း ယခုအခါတွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မှု များသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ ကို ထိပါးလာသည့်အတွက် အစိုးရအနေဖြင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင် ရွက်ပေးနေကြောင်း ၎င်းင်းကဆိုသည်။

ပြည်သူလူထုအနေဖြင့်လည်း မလိုအပ် ဘဲ ငွေကြေးအမြောက်အမြား ထုတ်ယူခြင်း၊ ကောလာဟလသတင်းများအပေါ် စိုးရိမ်စိတ် လွန်ကဲပြီး ထုတ်ယူခြင်းများ မပြုလုပ်ကြရန် လည်း လိုအပ်ကြောင်း နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ပြော ကြားသည်။

ထို့ပြင် ဘဏ်လုပ်ငန်းရှင်ကြီးများ၊ စီး ပွားရေးလုပ်ငန်းရှင်ကြီးများကို ပြည်သူများ၏ အကျိုးစီးပွားအား အပြည့်အဝ ကာကွယ် စောင့် ရှောက်မည့် ပုဂ္ဂိုလ်များအဖြစ် အားကိုး အားထားပြုပြီး ပူးပေါင်းဆောင်ရွက်သွားလို ကြောင်း ဘဏ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ပွဲတွင် ၎င်းင်းက ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော်ဗဟိုဘဏ်၏ အဓိကတာဝန် မှာ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေး စနစ်တည်ငြိမ်ရေး၊ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုစနစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ဖြစ်သည်။ ယုံကြည်စိတ်ချစွာဖြင့် ဘဏ်တွင် လာရောက်အပ်နှံထားသည့် အများပြည်သူ၏ ငွေကြေးများ ဆုံးရှုံးမှုမရှိအောင် ကာကွယ် ရန်မှာ ဘဏ်များ၏တာဝန်ဖြစ်သည်။ ဘဏ် တွင်ငွေအပ်နှံထားသော အများပြည်သူသည် အကြောင်းကြောင်းကြောင့် မိမိတို့စုဆောင်း ထားသော ငွေကြေးများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်ခြင်းဖြစ်သည်။

အများပြည်သူ ငွေကြေးများကို ယုံ ကြည် စိတ်ချရသည့်၊ ခိုင်မာလုံခြုံသည့် ဘဏ် များတွင် အပ်နှံနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍတည်ငြိမ်ရေးနှင့်  အများပြည်သူ၏ ဗဟိုဘဏ် နှင့် ပြည်တွင်းဘဏ်များအပေါ် ထားရှိသည့် ယုံကြည်ကိုးစားမှု တိုးမြင့်လာစေရေးအတွက် နိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်းဘဏ်များ ဆက်လက်ကြိုးပမ်းရဦးမည်ဖြစ်သည်။

Most Read

Most Recent