နယ်စပ်ကုန်သွယ်ရေး စနစ်အသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း သို့ ကွန်တိန်နာ သင်္ဘောဖြင့်  ကုန်သွယ်မှု စတင် ပြုလုပ်

နယ်စပ်ကုန်သွယ်ရေး စနစ်အသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း သို့ ကွန်တိန်နာ သင်္ဘောဖြင့်  ကုန်သွယ်မှု စတင် ပြုလုပ်
Published 9 July 2024

နယ်စပ်ကုန်သွယ်ရေးပုံစံအသစ်၊စနစ်အသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ခရီးစဉ်ကို ကွန်တိန်နာသင်္ဘောဖြင့် စတင်ကုန်သွယ်မှုပြုလုပ်ပြီဖြစ်ရာ ဇူလိုင်လ ၈ ရက် က ကွန်တိန်နာတင်သင်္ဘော ကြီးမှာ ကော့သောင်းမြို့ဆိပ် ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊အလုံဆိပ်ကမ်းမှထွက်ခွာလာသော ကွန်တိန်နာတင်သင်္ဘော ကြီးမှာ ဇူလိုင် ၈ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့ဆိပ်ကမ်းသို့ဆိုက်ကပ် ခဲ့ပြီး ထိုင်းနိုင်ငံ၊ရနောင်းမြို့သို့ကုန်စည်ပို့ဆောင်ရန် ဆက်လက် ထွက်ခွာခဲ့ကြောင်းတာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့သည်။

ရန်ကုန်မှထိုင်းနိုင်ငံ၊ရနှောင်းမြို့သို့နယ်စပ်ကုန်သွယ်ရေး( Border Trade Method )စနစ် ဖြင့်ရောက်ရှိလာသောအဆိုပါသင်္ဘောမှာကော့သောင်းဆိပ်ကမ်းတွင် Check Point အစစ်ဆေးခံခဲ့  ခြင်းဖြစ်ကြောင်းသိရသည်။

ကုန်သွယ်ရေးပုံစံအသစ်၊စနစ်အသစ်မှာပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ဇွန်လ ၂၉ ရက်နေ့က မြိတ်မြို့၊ပုလဲသန္တာဟိုတယ်တွင်ပြုလုပ်ခဲ့သောမြန်မာ-ထိုင်းဒေသအဆင့်နယ်ခြားကော်မတီ အစည်းအဝေးမှရရှိခဲ့သောရလာဒ်တစ်ခုဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်မြဝတီ၊ဘုရားသုံးဆူ၊ကယား  ပြည်နယ်စပ်ကုန်သွယ်ရေးအခြေအနေများမှာ တိုက်ပွဲများကြောင့် ဆိုင်းငံ့ထားကြောင်းရေကြောင်းခရီး ကိုအသုံးပြုပြီးကွန်တိန်နာစနစ်ဖြင့်သွားရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပုံစံအသစ်၊စနစ်အ သစ်ဖြင့်ဆောင်ရွက်ခဲ့သည့်ကွန်တိန်နာသင်္ဘောမှာ အိန္ဒိယသင်္ဘော MV-BEYPORE SULTAN ဖြစ်ပြီး သန့်စင်ပြီးခဲသတ္တု ၉၉ တန်ပါကွန်တိန်နာ ၄ လုံး၊ပြောင်းဆန် ၁၃၀၀ တန်ပါကွန်တိန်နာ ၅၂ လုံးတို့ကို သယ်ဆောင်ကာထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ကော့သောင်းဆိပ်ကမ်းသို့ဇူလိုင်လ ၇ ရက်နေ့ညတွင်  ရောက်ရှိခဲ့သည်။

ဇူလိုင်လ ၈ ရက်နေ့တွင် ကုန်များကို အစစ်ဆေးခံခဲ့ပြီး ထိုင်းနိုင်ငံ၊ရနောင်းမြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့ခြင်း    ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံမှကုန်စည်တစ်ချို့ပြန်လည်တင်ဆောင်ကာကော့သောင်းမြို့သို့ပြန် လည်ဝင်ရောက်မည်ဖြစ်ပြီးထိုမှတဆင့်ရန်ကုန်တိုင်းဒေသကြီးသို့ ကုန်စည် ဆက်လက် ပို့ဆောင်မည်ဖြစ်  ကြောင်းသိရသည်။

 

Most Read

Most Recent