ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာရှိ မင်္ဂလာဆောင်၌ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး (၁၃)ဦး အရေးပေါ်ဆေးရုံတင်ထားရ

ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာရှိ မင်္ဂလာဆောင်၌ အစာအဆိပ်သင့်မှုဖြစ်ပွားပြီး (၁၃)ဦး အရေးပေါ်ဆေးရုံတင်ထားရ
Published 8 July 2024

ဘီးလင်းမြို့နယ် ကျောက်ရေတွင်းကျေးရွာအုပ်စု ကျောက်ရေတွင်းကျေးရွာရှိ မင်္ဂလာဆောင်၌ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ရာမှ ကလေး၊ လူကြီး (၁၃) ဦး အရေးပေါ်ဆေးရုံတင်ထားရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ (၈) ရက် မွန်းလွဲ (၁) နာရီခွဲ အချိန်ခန့်က အဆိုပါ ကျောက်ရေတွင်းကျေးရွာရှိ မင်္ဂလာဆောင်တွင် ကျွေးမွေးသော ကြက်သားဒံပါက်ထမင်း နှင့် သရက်သီးကုလားတည်များစားသုံးမိ၍ မင်္ဂလာဆောင်သို့ လာရောက်ကြသူ ကလေး၊ လူကြီး (၁၃) ဦးမှာအစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "ကြက်သားဒံပေါက်စားပြီး အော့အန်ကြတာ။ အစာအဆိပ်သင့်သူတွေကိုတော့ ဘီးလူးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်။ ကလေးငယ်‌တွေအပါအဝင် မခုနစ်ဦး နှင့် ကျားခြောက်ဦး စုစုပေါင်း (၁၃) ဦးပါ" ဟု ပြောကြားသည်။

ကျောက်ရေတွင်းကျေးရွာမှ အစာအဆိပ်သင့်သူ (၁၃) ဦးတို့မှာ အစာအဆိပ်သင့်၍ အော့အန်ကြရာ မစိုးရိမ်ရကြောင်းနှင့် တချို့မှာ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်ကြောင်း  ဒေသခံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

 

Most Read

Most Recent