အခက်ခဲဆုံးပြေးလမ်းရဲ့ အဆုံးမှာ အချိုမြိန်ဆုံးအောင်ပွဲ ရှိတယ်

အခက်ခဲဆုံးပြေးလမ်းရဲ့ အဆုံးမှာ အချိုမြိန်ဆုံးအောင်ပွဲ ရှိတယ်
Photo : UEFA
Photo : UEFA
Published 8 July 2024
Wai Yan Aung

ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ ပယ်နယ်တီအဆုံးအဖြတ်ခံယူရတဲ့ပွဲ နှစ်ပွဲရှိခဲ့ပြီး ပြင်သစ်က ပေါ်တူဂီကို၊ အင်္ဂလန်က ဆွစ်ဇာလန်ကို အနိုင်ယူခဲ့တာပါ။ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းနှစ်သင်းရဲ့ ဖြတ်သန်းမှုက မခမ်းနားဘူးလို့ ဆိုရမှာပါ။ ရှုံးထွက်အဆင့်ရောက်လာပြီဆိုရင် ဒီလိုပဲ ထိန်းထိန်းသိမ်းသိမ်းကစားကြတာကြောင့် ပုံမှန်ပွဲကစားချိန် မိနစ်(၉၀)အတွင်း အဖြေပေါ် ဖို့ ခက်ခဲလာပြီး အချိန်ပိုတွေ၊ ပယ်နယ်တီအဆုံးအဖြတ်တွေအထိ ရောက်သွားတတ်စမြဲဖြစ်ပေမဲ့ ဘယ်လိုပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရသလဲဆိုတဲ့အချက်ကိုတော့ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

 

Most Read

Most Recent