ဗင်နီစီယပ်စ် မပါဝင်နိုင်ချိန်တွင် နိုင်ပွဲရရန်အတွက် ကြိုးစားကြရန် အသင်းဖော်များကို ဘရာဇီးလ်နောက်ခံလူ ဒန်နီလို တိုက်တွန်း

ဗင်နီစီယပ်စ် မပါဝင်နိုင်ချိန်တွင် နိုင်ပွဲရရန်အတွက် ကြိုးစားကြရန် အသင်းဖော်များကို ဘရာဇီးလ်နောက်ခံလူ ဒန်နီလို တိုက်တွန်း
Photo: AFP
Photo: AFP
Published 6 July 2024

 

ဘရာဇီးလ်နောက်ခံကစားသမား ဒန်နီလိုက ဗင်နီစီယပ်စ် မပါဝင်နိုင်ချိန်တွင် အသင်းနိုင်ပွဲရရန်အတွက် ကြိုးစားကြရန် အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့သည်။ 

ဗင်နီစီယပ်စ်သည် ၂၀၂၄ ကိုပါအမေရိကဖလား အုပ်စုနောက်ဆုံး (၂) ပွဲဆက်တိုက် အဝါကတ်ပြသခံရခြင်းကြောင့် တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ဇူလိုင် (၇)ရက် မြန်မာစံတော်ချိန် နံနက် ရး၃၀ တွင်ကစားမည့် ဥရုဂွေးအသင်းနှင့်ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။ 

ယင်းကဲ့သို့ အရေးကြီးပွဲစဉ်တွင် အဓိကကစားသမား ဗင်နီစီယပ်စ် မပါဝင်နိုင်ခြင်းမှာ ဘရာဇီးလ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်သည်ဟု မီဒီယာများက ဖော်ပြနေကြသည်။ 

ဘရာဇီးလ်နောက်ခံကစားသမား ဒန်နီလိုကမူ ဗင်နီစီယပ်စ်၏နေရာကို ဝင်ကစားနိုင်သည့် ကစားသမားများရှိကြောင်းနှင့် ဗင်နီစီယပ်စ် မပါဝင်နိုင်ချိန်တွင် ကြိုးစားရန်လိုကြောင်း အသင်းဖော်များကို တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဒန်နီလိုက "ဗင်နီစီယပ်စ်က ထိပ်တန်းကစားသမားဖြစ်ပြီး ကျွန်တော်တို့အသင်းကို နိုင်ပွဲတွေရအောင် စွမ်းဆောင်ပေးနိုင်သူပါ။ ဒါပေမဲ့ ကျွန်တော့်အသင်းမှာ စွမ်းရည်ပြည့်ဝပြီး အလားအလာကောင်းတဲ့ ကစား သမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ဗင်နီစီယပ်စ် မကစားနိုင်ချိန်မှာ ကျွန်တော်တို့အားလုံး ရလဒ်ကောင်း ရယူနိုင်ဖို့အတွက် အတူတကွ အစွမ်းကုန်ကြိုးစားကြရမှာပါ"ဟု ပြောကြားခဲ့သည်။