၂၀၂၄-၂၅ ရာသီ စီးရီးအေပွဲစဉ်ကို သြဂုတ်(၁၇)တွင် စတင်မည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကို ၂၀၂၅ မေ (၂၅) တွင် အဆုံးသတ်မည်

၂၀၂၄-၂၅ ရာသီ စီးရီးအေပွဲစဉ်ကို သြဂုတ်(၁၇)တွင် စတင်မည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကို ၂၀၂၅ မေ (၂၅) တွင် အဆုံးသတ်မည်
Photo: Serie A
Photo: Serie A
Published 6 July 2024

 

စီးရီးအေပြိုင်ပွဲ၏ ၂၀၂၄-၂၅ ရာသီ ပွဲစဉ်ဇယားကို ထုတ်ပြန်ခဲ့ပြီး အဖွင့်ပွဲစဉ်(၁)တွင် လက်ရှိချန်ပီယံ အင်တာမီလန်အသင်းသည် ဂျီနိုအာအသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။ 

၂၀၂၄-၂၅ ရာသီ စီးရီးအေပြိုင်ပွဲကို သြဂုတ်(၁၇)တွင် စတင်မည်ဖြစ်ပြီး ၂၀၂၅ မေ(၂၅)တွင် အဆုံးသတ်မည်ဖြစ်သည်။ အဖွင့်ပွဲစဉ်(၁)တွင် ထိပ်သီးအသင်းအချင်းချင်း ဆုံတွေ့မှုမရှိဘဲ ဂျူဗင်တပ်စ်အသင်းက ကိုမို၊ အေစီမီ လန်အသင်းက တိုရီနို၊ ရိုးမားအသင်းက ကာဂလီယာရီ၊ နာပိုလီအသင်းက ဗီရိုနာအသင်းနှင့် ဆုံတွေ့ခဲ့ကြောင်း သိရသည်။ 

ပွဲစဉ်(၃)တွင် ထိပ်သီးအသင်းများ ထိပ်တိုက်ဆုံတွေ့မှုကို စတင်မြင်တွေ့ရမည်ဖြစ်ပြီး အင်တာမီလန် - အတ္တလန်တာ၊ ဂျူဗင်တပ်စ် - ရိုးမား၊ လာဇီယို - အေစီမီလန်ပွဲစဉ်များ ပါဝင် နေခြင်းဖြစ်သည်။ စီးရီးအေပြိုင်ပွဲ၏ ဆွဲဆောင်မှုတစ်ခုဖြစ်သည့် မီလန်ဒါဘီ ပွဲကို ပွဲစဉ်(၅)နှင့် ပွဲစဉ်(၂၃)တွင် မြင်တွေ့ရမည်ဖြစ်ကြောင်းလည်း သိရသည်။ 

ရာသီသစ် စီးရီးအေချန်ပီယံဆုအတွက် အင်တာမီလန်အသင်းကပင် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။