နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး

နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် မြန်မာနှင့် အိန္ဒိယ ဆွေးနွေး
Published 25 June 2024

နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် နည်းပညာပိုင်းဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်လုပ် ဆောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး  H. E. Mr. Abh -ay Thakur တို့ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဇွန် ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး ကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး  H. E. Mr. Abh -ay Thakur အား နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက် ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင် မည့် အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်း နှီးမှုတည်တံ့ရေးနှင့် နှစ်နိုင်ငံရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု များ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ အိန္ဒိ ယနိုင်ငံနှင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့နှင့်လည်းကောင်း ရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ နည်းပညာ ပိုင်းဆိုင်ရာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေးတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေး နွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော် မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ သည်။

Most Read

Most Recent