မြန်မာကောင်စစ်ဝန်ချုပ်နှင့် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး တွေ့ဆုံပြီး  ချင်းရိုင်မြို့တွင် မြန်မာလုပ်သားများနှင့် ရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးအပ်ရာ၌  ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာကောင်စစ်ဝန်ချုပ်နှင့် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး တွေ့ဆုံပြီး  ချင်းရိုင်မြို့တွင် မြန်မာလုပ်သားများနှင့် ရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးအပ်ရာ၌  ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
Published 25 June 2024

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင် မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းနှင့် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Phutt -hiphong Sirimat တို့ တွေ့ဆုံပြီး ချင်းရိုင်မြို့ တွင် မြန်မာလုပ်သားများနှင့် ရွှေ့ပြောင်းလုပ် သားများအား အကာအကွယ်ပေးအပ်ရာ၌ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇွန် ၂၁ ရက်က ချင်းမိုင်မြို့ရှိ ချင်းရိုင် ခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ မြန်မာကောင်စစ် ဝန်ချုပ် ဦးမင်းကျော်လင်းနှင့် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Phutt -hiphong Sirimat တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာကောင်စစ် ဝန်ချုပ် ချင်းရိုင်-တာချီလိတ်-ကျိုင်းတုံ အ ဝေးပြေးလမ်းမကြီးသည် အမှတ်(၂) အာရှ အဝေးပြေးလမ်းမကြီးအဖြစ် ပါဝင်နေသော လမ်းကြောင်းတစ်ခုဖြစ်ရာ အနာဂတ်ကာ လတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးကိစ္စ၊ နှစ် နိုင်ငံ နယ်စပ်ကုန်သည်ကြီးအသင်းများအ ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင် နိုင်ရေးကိစ္စ၊ ချင်းရိုင်ခ ရိုင်အတွင်းရှိ ချင်းရိုင်မြို့တွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များအပေါ် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ကောင်စစ်ရေးရာဆိုင်ရာ အကာအကွယ် ပေးရေးနှင့် စောင့်ရှောက်မှုများ ပေးအပ်ရာ တွင် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံးနှင့် ပူးပေါင်းဆောင်ရွက်သွားလိုသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာကောင်စစ်ဝန်ချုပ်သည် ဇွန် ၂၂ ရက်က မယ်ဆိုင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ပြီး နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘက် အခြမ်းရှိ ထိုင်း-မြန်မာ အမှတ် (၁) နှင့် (၂) ချစ်ကြည်ရေးတံတားများသို့ သွားရောက်၍ ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အ ကောက်ခွန်ဌာနတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တံတားများမှတစ်ဆင့် လူဝင်/ ထွက်နှင့် ကုန်စည် စီးဆင်းနေမှု အခြေအနေ များကို ကြည့်ရှုလေ့လာခဲ့သည်။

Most Read

Most Recent