ဘယ်လ်ဂျီယံနည်းပြကို ထရော့ဆက်ဒ်၏ဖခင် ဝေဖန်ပြစ်တင်

ဘယ်လ်ဂျီယံနည်းပြကို ထရော့ဆက်ဒ်၏ဖခင် ဝေဖန်ပြစ်တင်
Photos: X
Photos: X
Published 24 June 2024

ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ထရော့ဆက်ဒ်၏ ဖခင်ဖြစ်သူက ဘယ်လ်ဂျီယံနည်းပြ တယ်ဒက်စ်ကိုကို နည်းပြကောင်းတစ်ယောက်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။

တယ်ဒက်စ်ကိုသည် ဆလိုဗက်ကီးယားကို ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ထရော့ဆက်ဒ်ကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပြီး ရိုမေးနီးယားနှင့်ပွဲတွင် လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့သည့်အတွက် ဖခင်ဖြစ်သူက ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

''တယ်ဒက်စ်ကိုကို ဘယ်လ်ဂျီယံအတွက် နည်းပြကောင်းလို့ မထင်ပါဘူး။ ထရော့ဆက်ဒ် ဝေဖန်ခံရတာက သူ နေရာတွေရွှေ့ပြောင်းပြီး ကစားခဲ့ရလို့ပါ''ဟု ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent