စီးရီးအေကလပ်အသင်းများသည် အသင်းလက်မဲ့ဖြစ်နေသည့် နယ်သာလန်တိုက်စစ်မှူး ဒီပိုင်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ဒီပိုင်း(၃၀ နှစ်)သည် ပြီးခဲ့သည့်မေလတွင် အက်သလက်တီကိုအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
ထို့ကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရရှိမည့် ဒီပိုင်းကို ခေါ်ယူရန် စီးရီးအေကလပ်အသင်းများက စိတ်ဝင်စားနေခြင်းဖြစ်သည်။
လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ ၎င်းကို ခေါ်ယူရန် အေစီမီလန်နှင့် ဖီအိုရင်တီးနားတို့က စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။