■ မန်ယူအသင်း၏ပြဿနာကို ဘာပေလည်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ရက်ကလစ်ဖ် ဆို     

■ မန်ယူအသင်း၏ပြဿနာကို ဘာပေလည်း ဖြေရှင်းနိုင်မည်မဟုတ်ဟု ရက်ကလစ်ဖ် ဆို     
Published 21 June 2024

မန်ယူအသင်း၏ ရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်က ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူနိုင်ခဲ့လျှင်လည်း မိမိတို့အသင်း၏ ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ 

ဘာပေသည် PSG အသင်းနှင့် လမ်းခွဲကာ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။  

ရက်ကလစ်ဖ်က "ဘာပေကို ခေါ်ယူနိုင်ရင်လည်း အသင်းရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ မန်ယူအသင်း ရင်ဆိုင်နေရတဲ့ ပြဿနာကို ကစားသမားတစ်ယောက်တည်းက ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လိုအပ်နေတာက ဟန်ချက်ညီတဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်နိုင်ဖို့ပါ"ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက FA ဖလား ရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်တွင်မူ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့် (၈) နေရာတွင် ရပ်တည်ခဲ့သည်။ 

Most Read

Most Recent