■ ကွန်မြူနတီဒိုင်းပွဲအတွက် မန်ယူအသင်း ဒဏ်ရာပြဿနာနှင့်ရင်ဆိုင်နေရ     

■ ကွန်မြူနတီဒိုင်းပွဲအတွက် မန်ယူအသင်း ဒဏ်ရာပြဿနာနှင့်ရင်ဆိုင်နေရ     
Photo: Getty Images
Photo: Getty Images
Published 9 August 2024

မန်ယူအသင်းသည် မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည့် ကွန်မြူနတီဒိုင်းပွဲအတွက် ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ 

မန်ယူအသင်းသည် ခံစစ်ကစားသမားများ ဒဏ်ရာရရှိနေခြင်းကြောင့် ယင်းပွဲတွင် အသုံးပြုရန် လင်ဒီလော့ဖ်၊ ဝမ်ဘစ်ဆာကာနှင့် လုခ်ရှောတို့ (၃)ဦးသာရှိကြောင်း သိရသည်။ 

ယခုနွေရာသီတွင် အသစ်ခေါ်ယူထားသည့် ပြင်သစ်နောက်ခံလူ ယိုဟိုမှာ ကြွက်သားဒဏ်ရာကြောင့် (၃)လခန့် အနားယူရမည်ဖြစ်သလို၊ မက်ဂွိုင်းရားမှာလည်း ဒဏ်ရာ ရရှိနေသည်။ လီဆန်ဒရိုမာတီနက်ဇ်၊ ဂျွန်နီအီဗန်စ်နှင့် ဒါလော့တို့မှာလည်း ကြံ့ခိုင်မှုမပြည့်ဝသေးကြောင်း သိရသည်။ 

ထို့ပြင် မန်ယူတိုက်စစ်မှူး ဟွိုင်လန်းမှာလည်း ဒဏ်ရာပြဿနာကြောင့် (၆) ပတ် အနားယူရမည်ဖြစ်ပြီး အသင်းနည်းပြ တန်ဟက်ဂ်ကမူ ကြံ့ခိုင်မှုပြည့်ဝသူများကိုသာ အသုံးပြုမည်ဟု ပြောကြားထားသည်။

မန်ယူအသင်းသည် ကွန်မြူနတီဒိုင်းပွဲအဖြစ် စနေနေ့တွင် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနှင့် ဝင်ဘလေကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent