■ ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ယူရိုသန်း(၂၅၀)ဖြင့် PSG အသင်း ကမ်းလှမ်း

■ ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ယူရိုသန်း(၂၅၀)ဖြင့် PSG အသင်း ကမ်းလှမ်း
Published 21 June 2024

PSG အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို (၅)နှစ်စာချုပ်အတွက် ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

PSG အသင်းသည် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ယခုနွေရာသီတွင် ဆုံးရှုံးခဲ့ရသည့်အတွက် ထိပ်တန်းတိုက်စစ်ကစားသမားဖြင့် ပြန်လည်အစားထိုးရန် စီစဉ်နေရာ ဗင်နီစီယပ်စ်ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

PSG အသင်းသည် ဗင်နီစီယပ်စ်(၂၃ နှစ်)ကို တစ်နှစ်လစာ ယူရိုသန်း (၅၀)နှုန်းဖြင့် (၅)နှစ်စာချုပ်အတွက် ယူရိုသန်း(၂၅၀)တန် စာချုပ်ချုပ်ဆိုမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် ဘာပေနှင့် နေမာတို့ကို ပေးအပ်ခဲ့သည့်အတိုင်း ပုံရိပ်မူပိုင်ခွင့်နှင့် အခြားဆုကြေးခံစားခွင့်များ ပေးအပ်သွားမည်ဟု မက်လုံးပေးခဲ့ကြောင်းလည်း သိရသည်။ 

ဗင်နီစီယပ်စ်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လက်ရှိအချိန်၌ ရီးယဲလ်အသင်း၏ ဦးဆောင်တိုက်စစ်ကစားသမားအဖြစ် ရပ်တည်နေသော်လည်း ဘာပေ ရောက်ရှိလာပါက အပြောင်းအလဲဖြစ်လာနိုင်သည့်အတွက် အနာဂတ်မရေရာကြောင်း သိရသည်။ 

Most Read

Most Recent