ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန် ဘောလုံးပေးပို့မှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်သည့် စံချိန်တင်

ဒိန်းမတ်နောက်ခံလူ ခရစ္စတန်ဆန် ဘောလုံးပေးပို့မှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်သည့် စံချိန်တင်
Photo: X
Photo: X
Published 17 June 2024

ဒိန်းမတ်အသင်းနောက်ခံလူ အန်ဒရီးစ်ခရစ္စတန်ဆန်သည် ဆလိုဗေးနီးယားအသင်း နှင့်ပွဲ၌ ဘောလုံးပေးပို့မှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်သည့် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(C) ပွဲစဉ်အဖြစ် ဇွန် ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် ဆလိုဗေးနီးယား (၁-၁) ဒိန်းမတ်ပွဲတွင် ခရစ္စတန်ဆန်က ဘောလုံးပေးပို့မှု ၈၉ ကြိမ်ပြုလုပ်ရာ တစ်ကြိမ်မျှလွဲချော်ခြင်းမရှိဘဲ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။

ယင်းမှတ်တမ်းမှာ အချက်အလက်များ စတင်ကောက်ယူသည့် ၁၉၈၀ ယူရိုပြိုင်ပွဲမှစ၍ ပထမဆုံးအကြိမ် ၁၀၀ ရာခိုင်နှုန်းအောင်မြင်သည့် ဘောလုံးပေးပို့မှုအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ဇွန် ၁၄ ရက်က ယူရိုပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ဂျာမနီအသင်းကွင်းလယ်လူ တိုနီကရို့စ်က ၁၀၂ ကြိမ်ပေးပို့ရာတွင် ၁၀၁ ကြိမ် (၉၉ ရာခိုင်နှုန်း) အောင်မြင်သည့်မှတ်တမ်း ရရှိထားသည်။

Most Read

Most Recent