တယ်လီဖုန်းနံပါတ်များသို့  Short Code  နံပါတ် “၁၁၁၁” အသုံးပြု၍ SMS မှ မေးမြန်းမှုများကို အကြံပြုဖြေကြားပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်

တယ်လီဖုန်းနံပါတ်များသို့  Short Code  နံပါတ် “၁၁၁၁” အသုံးပြု၍ SMS မှ မေးမြန်းမှုများကို အကြံပြုဖြေကြားပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ထုတ်ပြန်
Published 15 June 2024

ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များ သို့  Short Code  နံပါတ် “၁၁၁၁ အသုံးပြု၍ SMS မှတစ်ဆင့်မေးမြန်းမှုများအား အကြံပြု ဖြေကြားပေးရန် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဇွန် ၁၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှု ရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code  နံပါတ် “၁၁၁၁ အသုံးပြု၍ ှ SMS မှတစ်ဆင့် ဝန် ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေး မြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် ((Public Feedback Programme - PFP)”)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အဆိုပါ PFP အစီအစဉ်သည် အစိုးရ ဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ် ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း စေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေ သည့် ကိစ္စရပ်ဖြစ်သောကြောင့် Short code နံပါတ် “၁၁၁၁ မှတစ်ဆင့် SMS ဖြင့် ပေးပို့ မေးမြန်းသော မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ၌ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိ ပြုပြင်နိုင်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ် ပြန်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဂ တိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပြည်သူများက သက်သာသော နှုန်း ထားဖြင့် ြှှ များ ပြန်လည်ဖြေကြားပေးနိုင် ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားပါကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အသိ ပေးတိုက်တွန်းထားသည်။

Most Read

Most Recent