လီဗာပူးလ်အသင်း၏ ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် အတ္တလန်တာကွင်းလယ်ကစားသမား အီဒါဆန်က မိမိအနေဖြင့် အနာဂတ်တွင် ပရီးမီးယားလိဂ်၌ ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
လီဗာပူးလ်နည်းပြသစ် ဆလော့သည် ယခုနွေတွင် အသင်းကွင်းလယ်ကို အင်အားဖြည့်တင်းရန်စီစဉ်နေပြီး အတ္တလန်တာကွင်းလယ်လူများဖြစ်သည့် အီဒါဆန်နှင့် ကော့မိုင်နာစ်တို့ကို ပစ်မှတ်ထားနေကြောင်း သိရသည်။
အီဒါဆန်က ''အီတလီမှာ ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ ကျွန်တော် ကစားချင်တယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲ မသိနိုင်ပါဘူး''ဟု ပြောကြားခဲ့သည်။