ပဋိပက္ခများ မြင့်တက်လာမှုနှင့် မေခရို စီးပွားရေး မတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု တစ်-ရာခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

ပဋိပက္ခများ မြင့်တက်လာမှုနှင့် မေခရို စီးပွားရေး မတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု တစ်-ရာခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
ဇွန် ၁၂ ရက်က ကျင်းပသည့် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ ထုတ်ပြန်ပွဲကို တွေ့ရစဉ်
ဇွန် ၁၂ ရက်က ကျင်းပသည့် ကမ္ဘာ့ဘဏ်၏အစီရင်ခံစာ ထုတ်ပြန်ပွဲကို တွေ့ရစဉ်
Published 12 June 2024

ပဋိပက္ခများ မြင့်တက်လာမှုနှင့် မေခရိုစီးပွားရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း တစ်-ရာ ခိုင်နှုန်း ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားကြောင်း ဇွန် ၁၂ ရက်က  ကျင်းပသည့် ကမ္ဘာ့ဘဏ်၏မြန်မာ့စီးပွားရေးစောင့် ကြည့်လေ့လာမှုအစီရင်ခံစာ ထုတ်ပြန် သည့်အခမ်းအနားမှ သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကုန်ထုတ်လုပ်မှုအပေါ်အဟန့်အတားဖြစ်စေ သည့် ပဋိပက္ခ ၊ မေခရိုစီးပွားရေး မတည်ငြိမ် မှုနှင့် နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန် ခေါ်မှုများနှင့် ဆက်လက် ရင်ဆိုင်နေရပြီး စီး ပွားရေးတိုးတက်မှုမှာ ဆက်လက်နှေးကွေး နေမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့် ကြည့်လေ့လာမှု အစီရင်ခံစာအရ မတ်လ ၂၀၂၅ နှစ်အထိ တစ်နှစ်တာကာလ ပြည် တွင်းထုတ်လုပ်မှုတန်ဖိုးသည် တစ် ရာ ခိုင် နှုန်းရှိမည်ဟု ခန့်မှန်းသည်။ ယင်းမှာ ယ ခင် နှစ်က ခန့်မှန်းချက်များနှင့် ကိုက်ညီမှု ရှိ သော် လည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ခန့်မှန်းခဲ့သည့် ၂ ရာခိုင်နှုန်း အောက် လျော့ နည်းသည်။ စီးပွားရေးထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်ကရှိခဲ့သည့် အနေအထား အောက်တွင် ၉ ရာခိုင်နှုန်း ဆက်လက်ရှိနေ မည်ဟု ခန့်မှန်းထားပြီး ယင်းမှာ ဒေသတွင်းရှိ အခြားတိုင်းပြည်စီးပွားရေးများနှင့် နှိုင်း ယှဉ် ကြည့်ပါက သိသာထင်ရှားသည့် ကွာဟ ချက်ဖြစ်သည်။ အစီရင်ခံတွင် မြန်မာ့စီးပွား ရေးနှင့် မြန်မာပြည်သူများရင်ဆိုင်နေရသည့် စိန်ခေါ်မှုများစွာကို တင်ပြထားသည်။

သွင်း ကုန်များ ပြတ်လတ်မှု၊ လုပ်သား စျေးကွက် မတည်ငြိမ်မှု၊ လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုများကလည်း ကုန်ထုတ်လုပ် ရေး လုပ်ငန်းများအား အတားအဆီး ဖြစ်စေ သည်။    

“မြန်မာပြည်က အိမ်ထောင်စု များအနေဖြင့် ကာလတိုနဲ့ လာမည့် ကာလလတ်အတွင်း အနည်းငယ် အသက်ရှုချောင်လာ နိုင်ဖွယ်ရှိသော်လည်း စီးပွားရေးတခုလုံး အနေဖြင့် တိုးတက်မှုခန့်မှန်းချက်မှာ အလွန် အားနည်းသည့် အနေအထားတွင် ဆက်လက်ရှိနေမည်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများ ဆိုင်ရာ ဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမန် ကပြောကြားခဲ့သည်။

အသက်မွေးမှု စီးပွားရေးလုပ်ငန်းများအပေါ်တိုက်ရိုက်သက်ရောက်မှုများအပြင် ပဋိပက္ခကြောင့် နယ်စပ်ကုန်သွယ်မှုများ နှင့် ပြည်တွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက် ခဲ့ကြောင်း တွေ့ရသည်။ မတ်လ ၂၀၂၄ ခု နှစ်အထိ ခြောက်လတာ ကာလအတွင်း ယ ခင်နှစ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်ပို့ကုန် ၁၃ ရာခိုင်နှုန်းနှင့် သွင်း ကုန်၂၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတု ကောင်းမွန်နေမှု၊ စပါးနှင့် ကောက်ပဲသီး နှံ များ အထွက်နှုန်း တိုးတက်လာမှုကြောင့် ကြံ့ ကြံ့ခံနေနိုင်သည့် အရိပ်လက္ခဏာများ မြင် တွေ့ရသည်။ သို့ရာတွင် လောင်စာဆီ စျေး နှုန်းများ မြင့်မားခြင်း၊ ချေးငွေရရှိနိုင်ရန် ခက် ခဲခြင်းနှင့် ပဋိပက္ခ ဖြစ်စဉ်များကြောင့် အ ထွက်နှုန်း ထိခိုက်နိုင်ခြေ မြင့်မားနေဆဲ ဖြစ် ပြီး လာမည့်ကာလတိုအထိ ကုန်ထုတ် လုပ်မှု အပေါ် အတားအဆီး ဆက်လက်သက် ရောက် နေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ကျန်းမာရေး နှင့် ပညာရေးတို့တွင် ရင်းနှီးမြုပ်နှံမှု လျော့ကျလာခြင်း ၊ အလုပ်အ ကိုင် ကျဆင်းခြင်းနှင့် ကောင်းမွန်တဲ့ အ လုပ်များရှားပါးလာခြင်း၊ ပြည်ပ ရွှေ့ပြောင်း သည့် လူဦးရေများလာတဲ့အတွက် ပြည် တွင်းမှာ လူစွမ်းအားအရင်းအမြစ်များ ဆုံး ရှုံးနေရခြင်းက ရေရှည်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ပိုပြီး နှောင့်နှေးစေနိုင်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများဆိုင်ရာ အစီအစဉ်ဦးဆောင် သူ နှင့် အကြီးတန်း စီးပွားရေးပညာရှင် ကင်မ် အယ်လန်အဒ်ဝပ် ကပြောကြားခဲ့သည်။