ဂျာမနီအသင်းရဲ့ အလှမ်းဝေးအောင်ပွဲနဲ့ အိမ်ရှင် အခွင့်အရေး

ဂျာမနီအသင်းရဲ့ အလှမ်းဝေးအောင်ပွဲနဲ့ အိမ်ရှင် အခွင့်အရေး
Photos: AFP
Photos: AFP
Published 12 June 2024
Wai Yan Aung

ဂျာမနီအသင်းက ယူရိုပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းပါ။ ချန်ပီယံဆုရရှိမှုမှာ စပိန်အသင်းနဲ့ (၃)ကြိမ်စီ တူညီနေပေမဲ့ စပိန်က ဒုတိယတစ်ကြိမ်သာရရှိပြီး ဂျာမနီက ဒုတိယ(၃)ကြိမ် ရရှိထားတာကြောင့်ပါ။ ပြီးတော့ ဂျာမနီအသင်းက ယူရိုပြိုင်ပွဲကို အကြိမ်အများဆုံး ယှဉ်ပြိုင်ထားတဲ့အသင်းလည်း ဖြစ်နေပါသေးတယ်။ ကျင်းပပြီးခဲ့တဲ့ ယူရို ပြိုင်ပွဲ(၁၆)ကြိမ်မှာ ဂျာမနီက (၁၃)ကြိမ်အထိ ယှဉ်ပြိုင်ခဲ့တာပါ။ အစောဆုံးပြိုင်ပွဲ(၃)ကြိမ်နဲ့သာ လွဲခဲ့တာဖြစ်ပြီး ယူရို-၁၉၇၂ ပြိုင်ပွဲကနေ လက်ရှိအချိန်အထိိ တောက်လျှောက်ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဂျာမနီအသင်း ယူရိုချန်ပီယံဆုကို နောက်ဆုံးရရှိခဲ့တာက ယူရို-၉၆ ပြိုင်ပွဲမှာဖြစ်တာကြောင့် အောင်ပွဲနဲ့တော့ အတော်လေး အလှမ်းဝေးနေခဲ့ပါပြီ။ နှစ်ပေါင်း(၃၀)နီးပါး  ရှိနေပြီဖြစ်ပြီး အတိအကျဆိုရရင်တော့ (၂၈)နှစ်ရှိပါပြီ။ အခု အိမ်ရှင်အဖြစ် ကျင်းပခွင့်ရမယ့် ပြိုင်ပွဲမှာ ဝေးကွာနေတဲ့ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါဟာ ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများစွာထဲက တစ်ခုသောအကြောင်းအရာလို့လည်း ဆိုနိုင်ပါတယ်။

 

Most Read

Most Recent