ယူရို -၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်မှ ထွက်ခွာရမည်ဟု ကာရေဂါ ခန့်မှန်း

ယူရို -၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်မှ ထွက်ခွာရမည်ဟု ကာရေဂါ ခန့်မှန်း
Photo: EuroFoot
Photo: EuroFoot
Published 10 June 2024

နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ကာရေဂါက ယူရို -၂၀၂၄ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်မှ ထွက်ခွာရမည်ဟု ခန့်မှန်းခဲ့သည်။

ကာရေဂါသည် ယူရို-၂၀၂၄ ပြိုင်ပွဲမှ ပွဲစဉ်အားလုံးအတွက် ကြိုတင်ခန့်မှန်းမှု ပြုလုပ်ခဲ့ရာတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ဂျာမနီ၊ ပေါ်တူဂီ၊ အင်္ဂလန်နှင့် ပြင်သစ်တို့ တက်ရောက်မည်ဖြစ်ပြီး အိမ်ရှင် ဂျာမနီနှင့် ပြင်သစ်တို့ ဗိုလ်လုပွဲတွင် ဆုံတွေ့မည်ဟု ခန့်မှန်းခဲ့သည်။

ချန်ပီယံဆုကို ပြင်သစ်အသင်း ရရှိလိမ့်မည်ဟု ကာရေဂါက ခန့်မှန်းခဲ့ပြီး ပြင်သစ်အသင်းသည် ပြိုင်ဘက်တိုင်းထက် သာလွန်နေသည်ဟု ဆိုခဲ့သည်။

ကာရေဂါက စကော့တလန်အသင်း အုပ်စုအဆင့်မှ ထွက်ရမည်ဟုလည်း ခန့်မှန်းခဲ့သည်။

Most Read

Most Recent