အနာဂတ်ကမ္ဘာ စိမ်းလန်းစိုပြည်ဖို့ မြေသယံဇာတ ထိန်းသိမ်းစို့

အနာဂတ်ကမ္ဘာ စိမ်းလန်းစိုပြည်ဖို့ မြေသယံဇာတ ထိန်းသိမ်းစို့
Published 9 June 2024
ဒေါက်တာလွင်သန့်

 ဆွီဒင်နိုင်ငံမှာ ဇွန်လ ၅ ရက်က ကုလသမဂ္ဂက ကြီးမှူးကာ ပထမဆုံးအကြိမ် လူသားနှင့်ပတ်ဝန်းကျင်ညီလာခံကို ကျင်းပခဲ့ပြီး အဆိုပါညီလာခံ က ဇွန် ၅ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှစတင်ကာနှစ်စဉ်ကျင်းပခဲ့ပြီး ကမ္ဘာနိုင်ငံများနဲ့ပြည်သူများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနဲ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအပေါ် အာရုံစူးစိုက်ဖြေရှင်းဆောင်ရွက်လာကြစေဖို့ရည်ရွယ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကျင်းပခဲ့ပါတယ်။

     ၂၀၂၄ ခုနှစ်ဆောင်ပုဒ်မှာ "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ဖြစ်ပြီး အိမ်ရှင်အဖြစ်ဆော်ဒီအာရေဗျနိုင်ငံကဦးဆောင်ကာ ကျင်းပဆောင်ရွက်သွားမှာဖြစ်တယ်။  ၂၀၂၄ ခုနှစ်ဟာ သဲကန္တာရတိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကျင်းပခဲ့တဲ့နှစ် ၃၀ ပြည့်နှစ်လည်းဖြစ်တယ်။

     ယနေ့ကမ္ဘာမှာ ကမ္ဘာကြီးပူးနွေးလာခြင်းနဲ့ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်တွေကြောင့် နေရာအနံ့အပြားများ ရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ မိုးခေါင်ရေရှားမှု၊ အပူချိန်လွန်ကဲမှုစတဲ့ပြင်းထန်လှတဲ့သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ခံစားလာနေရပြီး လူမှုစီးပွားရေး ပျက်စီးဆုံးရူံးမှုများ ပိုမိုများပြားလာပြီး လူသားတွေကိုအကျိုးပြုနေတဲ့ ဂေဟစနစ်ဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှုရှိနေကြောင်း တွေ့ရှိရပါတယ်။

                သဲကန္တာရမြေဖြစ်ထွန်းမှုဟာ ယနေ့ကမ္ဘာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကရှည်လျားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ရပ်ဖြစ်လာပါတယ်။ သစ်ထုတ်လုပ်ခြင်းနဲ့ အိမ်သုံးထင်း၊ မီးသွေးအလွန်အကျွံထုတ်ယူသုံးစွဲခြင်း၊ စိုက်ပျိုးမြေများ ချဲ့တွင်ခြင်းနဲ့ စိုက်ပျိုးရေးစနစ်မမှန်ကန်ခြင်း၊ ရေရှည်တည်တံ့မှုမရှိတဲ့သတ္တုတူဖော်ခြင်း၊ ဆည်တာတမံများတည်ဆောက်ခြင်း၊ စားကျက်မြေအဖြစ် အလွန်အကျွံအသုံးပြုခြင်း၊ မြို့ရွာများတိုးချဲ့တည်ဆောက်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကြောင့် သစ်တောများပြုန်တီးခြင်း၊ မြေဆီလွှာပျက်စီးခြင်းများဖြစ်ပေါ်ပြီး မူလဂေဟစနစ်ပျက်စီးကာ တဖြည်းဖြည်းသဲကန္တရဖြစ်ထွန်းလာခြင်းဖြစ်ပါတယ်။ မြေဆီလွှာပျက်စီးခြင်း၊ မိုးခေါင်ပြီး ပူပြင်းခြောက်သွေ့ခြင်းနဲ ့ရေအရင်းအဖြစ်ဆုံးရူံးခြင်းကြောင့် စားနပ်ရိက္ခာထုတ်လုပ်နိုင်မှု လျော့နည်းလာနိုင်လို့ အဆိုပါဒေသနေပြည်သူတွေဟာ လူမှုစီးပွားရေးဆိုင်ရာပြဿနာများနဲ့ရင်ဆိုင်ကြရပါတယ်။ သဲကန္တာရဖြစ်ထွန်းမှုကြည့်ရင် သဘာဝနဲ့ လူလုပ်အစီအမံကြောင့်ဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။

             (၁) မိုးရွာသွန်းမှုပုံစံမမှန်ကန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေနည်းပါးခြင်း၊ နွေရာသီမိုးခေါင်ရေရှားခြင်း၊ (၂) အပူချိန်မြင့်မားမှုဒဏ်ကြာရှည်စွာခံစားရခြင်း၊

(၃) မြေမျက်နှာသွင်ပြင်ပုံရေငွေ့ပြန်မှုနူန်းမြင့်မားခြင်း၊ (၄) အပူချိန်အတတ်အကျလွန်ကဲခြင်း၊ (၅) စိုထိုင်းဆနိမ့်ခြင်း၊ (၆)နေရောင်ဖြာထွက်မှုမြင့်မားခြင်း၊ တိမ်ကင်းစင်မှု မကြာခဏကြုံတွေ့ခြင်း၊ (၇) သတ္တုဓာတ်ပါဝင်မှုများပြားပေမဲ့ သဘာဝမြေဩဇာပါဝင်မှုနှုန်းနည်းခြင်း၊ (၈)လေ၊ ရေတိုက်စားမှုကြောင့်အပေါ်ယံမြေဆီလွှာတိုက်စားမှုလွန်ကဲခြင်းတို့ဆိုပြီး ထောက်ပြထားပါတယ်။

            မြေအတန်းအစားကျဆင်းခြင်း၊ မိုးခေါင်ခြင်းနဲ့ သဲကန္တရဖြစ်ထွန်းခြင်းတို့ကိုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ ရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးကိုလည်း အလေးထားဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ မြေပြန်လည်ထိန်းသိမ်းခြင်းဟာ အချည်းနှီးဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာနေရာအနှံ့အပြားရှိနိုင်ငံတွေဟာ ရာသီဥတုအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်လေ့လာရမှာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုလျော့နည်းစေတဲ့နည်းလမ်းများကို လိုက်နာအကောင်ထည်ဖော်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

           မြေယာပြုပြင်ထိန်းသိမ်းရေးဂေဟစနစ်ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုလသမဂ္ဂဆယ်ခုနှစ် (၂၀၂၁-၃၀) ရဲ့အဓိကမဏ္ဍိုင်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိဂေဟစနစ်များကို ကာကွယ်ခြင်းနဲ့ပြန်လည်ကောင်းမွန်လာစေဖို ့တောင်းဆိုမှုတစ်ခုဖြစ်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတတ်ရေးပန်းတိုင်များ ပြည့်မီစေဖို့အတွက်လည်း အရေးကြီးတဲ့အရာဖြစ်တယ်။ ဒါမှလည်းသဲကန္တာရဖြစ်ထွန်းကျယ်ပြန့်လာမှုအပေါ် တားဆီးနိုင်မှာဖြစ်ကာ ယနေ့ကမ္ဘာကြီးစိမ်းလန်းစိုပြည်လာမှာဖြစ်ပါတယ်။

           မြန်မာနိုင်ငံမှာရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအတွက်မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုလျော့နည်းစေရေးအတွက်မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမှုဝါဒ၊မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (၂၀၁၈-၂၀၃၀) မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) မြန်မာနိုင်ငံအမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနဲ့ လိုက်လျောညီတွေမှုရှိစေရေးဆိုင်ရာ အကောင်ထည်ဖော်ဆောင်ရွက်မယ့်လုပ်ငန်းအစီစဉ် (Nationally Determined Contribution-NDCS) အစီရင်ခံစာတို့ကို အတည်ပြုထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

 

          (NDCS) ရဲ့ အစီရင်ခံစာမှာ စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောနဲ့ အခြားမြေစားသုံးမှုကဏ္ဍနဲ့ စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောနဲ့အခြားမြေအသုံးချမှုကဏ္ဍရဲ့ ပူးတွဲအသုံးပြုကဏ္ဍများအဖြစ်စွမ်းအားမြင့်မီးဖိုဖြန့်ဖြူးရေးကဏ္ဍ၊ ကျေးလက်မီးလင်းရေးကဏ္ဍနဲ့ စွမ်းအင်ကို အကျိုးရှိထိရောက်စွာအသုံးချရေးကဏ္ဍတို့မှာရာသီဥတုပြောင်းလဲမှုလျှော့ချရေးစည်းမျဉ်းချက်များရှိကာ နိုင်ငံရဲ့ဖွံ့ဖြိုးမှုအခြေအနေအပေါ် အခြေခံပြီး (NDCS) ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာနိုင်ငံတော်ရဲ့ရန်ပုံငွေနဲ့ဆောင်ရွက်မယ့် ကာဗွန်ထုက်လုပ်မှုလျှော့ချနိုင်မှုပမာဏမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တန် (၂၄၄ ဒသမ ၅၂) သန်းဖြစ်ပြီးနိုင်ငံတကာမှေ ငွကြေးနဲ့နည်းပညာအထောက်ပံ့ရရှိပါက ကာဗွန်လျှော့ချမှုမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တန် (၄၁၄ ဒသမ ၇၅) သန်းဖြစ်ပါတယ်။

            မြန်မာနိုင်ငံမှာ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုအနေနဲ့မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသမှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိအပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကစစ်ကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့မကွေးတိုင်းဒေသကြီးခရိုင် ၁၃ ခုမှာအဓိကလုပ်ငန်းကြီး လေးခုဖြစ်တဲ့ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာအသုံးချရေးလုပ်ငန်းများတိုးချဲ့ခြင်းနဲ ့ရေရရှိရေး အကောင်းထည်ဖော်ဆောင်ရွက်ခြင်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

          မြေအတန်းအစားကျဆင်းခြင်းဟာ ကုန်းတွင်းပိုင်းနေရင်းဒေသများ ပျက်စီးဆုံးရှုံးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ ကျေးလက်နေပြည်သူများရဲ့အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်ခြင်း၊ဒေသခံပြည်သူများရွှေ့ပြောင်းနေထိုင်ခြင်း၊ အကန့်အသတ်ရှိတဲ့သဘာဝအရင်းမြစ်များအပေါ် စိန်ခေါ်မှုများဖြစ်ပေါ်စေခြင်းတို့ကိုလေ့လာတွေရှိရပါတယ်။ မြေယာမြေထိန်းသိမ်းရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယခင်ကမိုးစပါးပြီး ဆောင်းမြေပဲစိုက်ပျိုးတာကြောင့်မြေယာမြေဩဇာများ ကုန်ခန်းခြင်းမရှိဘဲ နုဂိုရှိမြဲအနေအထားရှိနေပါတယ်။ ယခုအခါ စပါးပြီးစပါး၊ စိုက်ပျိုးမြေတစ်ခုတည်း သီးနှံတစ်မျိုးတည်းစိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာ၊ ဓာတုပိုးသတ်ဆေးတို့ကေ မြအဆင့်အတန်း ကျလာပါတယ်။

          မြေယာပြန်လည်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေက လူဦးရေတိုးပွားလာမှု၊ ရာသီဥတုပြောင်းလဲမှု၊ လူအများရွှေ့ပြာင်းနေထိုင်မှု၊ စွမ်းအင်၊ စားနပ်ရိက္ခာနဲ့ ရေအရင်းမြစ်များရှားပါးလာမှုတို့ ဖြစ်ပါတယ်။ အဆိုပါကိစ္စရပ်တွေကြောင့်လူသားတို့ရဲ့စားနပ်ရိက္ခာဖူလုံမှုကိုပိုမိုပျက်စီးလွယ်ပြီး မြေအတန်းအစားကျဆင်းမှုနဲ့ရာသီဥတုပြောင်းလဲမှုများဟာကြီးမားတဲ့မတည်ငြိမ်မှုကိုဖြစ်ပေါ်‌စေတဲ့အကြောင်းရင်းအဖြစ်အဆင်အမှတ်ပြုလာကြပါတယ်။

              စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာမှာလည်းမြေဆီလွှာအရည်အ‌သွေးကိုထိခိုက်မှုမရှိစေတဲ့သဘာဝမြေဩဇာများအသုံးပြုစေခြင်း၊မြေဆီလွှာအရည်အသွေးကိုထိခိုက်မှုလျော့နည်းစေတဲ့ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးအသုံးပြုတဲ့နည်းလမ်းများကိုလိုက်နာဆောင်ရွက်စေခြင်း၊လက်ရှိနဲ့အနာဂတ်မျိုးဆက်အတွက်ပတ်ဝန်းကျင်၊ဇီဝမျိုးစုံမျိုးကွဲများအစားအစာဖူလုံမှုအပေါ်အကျိုးသက်ရောက်တဲ့အထွက်နှုန်းကောင်းမွန်တဲ့ရေရှည်တည်ခဲ့တဲ့ခံနိုင်ရည်ရှိတဲ့စိုက်ပျိုးရေးထုက်ကုန်များထုက်လုပ်တဲ့စနစ်ကျင့်သုံးခြင်းကရေရှည်တည်တံ့စေမှာဖြစ်ပါတယ်။

            သဲကန္တရဖြစ်ပေါ်မှုတိုက်ဖျက်ရေးအတွက်မြေယာပြန်လည်ထိန်းသိမ်းခြင်းနဲ့စပ်လျဉ်းလို့ တစ်ဦးတစ်ယောက်ချင်း (သို့မဟုတ်) မိသားစုတစ်ခုချင်းအနေနဲ့ကိုယ်နေအိမ်မှာရေများချွေတာသုံးစွဲခြင်း၊ မိုးရေစနစ်တကျစုဆောင်းအသုံးချခြင်း၊အပူဒဏ်လျှော့ချရေးအတွက်ဒေသမျိုးရိုးပင်များနဲ့ကြီးမြန်သစ်ပင်တွေကိုစိုက်ပျိုးခြင်း၊ဥယျာဉ်ခြံမြေများမှာသီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း၊လယ်ဟာမြေအစပ်မှာသစ်ပင်စိုက်ပျိုးခြင်း၊မြေဆီလွှာထိန်းသိမ်းခြင်းနဲ့အိမ်ခြံဝင်းအတွင်းတပိုင်တနိုင်သီးပင်စားပင်စိုက်ပျိုးခြင်းတို့ဆောင်ရွက်နိုင်ပါတယ်။ မြေယာပြန်လည်ထိန်းသိမ်းသင့်ပါတယ်။