အတ္တလန်တာကွင်းလယ်ကစားသမား (၂)ဦးကို လီဗာပူးလ် ပစ်မှတ်ထား

အတ္တလန်တာကွင်းလယ်ကစားသမား (၂)ဦးကို လီဗာပူးလ် ပစ်မှတ်ထား
Photo: Anfield Edition
Photo: Anfield Edition
Published 6 June 2024

လီဗာပူးလ်အသင်းသည် ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်း၏ ကွင်းလယ်ကစားသမားများဖြစ်သည့် အီဒါဆန် နှင့် ကော့မိုင်နာစ်တို့ကိုခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း Corriere dello Sport က ဖော်ပြခဲ့သည်။

လီဗာပူးလ်နည်းပြသစ် အာနယ်ဆလော့သည် လာမည့်ရာသီတွင် အသင်းကိုအင်အားဖြည့်တင်းမှုများပြုလုပ်ရန်စီစဉ်နေပြီး ကွင်းလယ်အတွက် အီဒါဆန်နှင့် ကော့စ်မိုင်နာတို့ကိုခေါ်ယူရန် ပစ်မှတ်ထားလာခြင်းဖြစ်သည်။

ကော့မိုင်နာစ်မှာ လီဗာပူးလ်အပြင် ပရီးမီးယားလိဂ်အသင်းများစွာ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်ပြီး အီဒါဆန်မှာမူ အသင်းပြောင်းရွှေ့လိုနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းအနေဖြင့် အဆိုပါကစားသမားနှစ်ဦးအတွက် ငွေကြေးများစွာ အသုံးပြုရဖွယ်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent