ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ပွဲကြိုသုံးသပ်ချက်
Photo: AFC
Photo: AFC
Published 6 June 2024

မြန်မာ နှင့် ဂျပန် (မြန်မာစံတော်ချိန် ကြာသပတေးည ၆း၄၀ နာရီ)

မြန်မာအသင်းက ဒီအုပ်စုမှာ တစ်ပွဲသာ သရေကျခဲ့ပြီး ကျန်(၃)ပွဲကတော့ အနည်းဆုံး(၅)ဂိုးပြတ်စီ အရေးနိမ့်ထားခဲ့တယ်။ မြန်မာအသင်းနဲ့ ပြိုင်ဘက်သုံးသင်းကြားမှာ ခြေစွမ်းပိုင်း ကွာခြားလွန်းပြီး အိမ်ကွင်းနောက်ဆုံးပွဲမှာ ဆီးရီးယားကို မမျှော်လင့်ဘဲ သရေကျခဲ့သလိုမျိုး ထပ်မရနိုင်လောက်တော့ဘူး။ ဂျပန်အသင်းကလည်း နောက်တစ်ဆင့်တက်ရောက်ထားပြီဖြစ်လို့ မြန်မာအသင်းကို ဘယ်လိုရင်ဆိုင်ကစားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်။ ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက မြန်မာကွင်းမှာ ကစားခဲ့တုန်းကလို ဂျပန် (၂)ဂိုး၊ (၃) ဂိုးပြတ်ထက် မပိုလောက်ဘူး။

တရုတ် နှင့် ထိုင်း (မြန်မာစံတော်ချိန် ကြာသပတေးည ၆း၃၀ နာရီ)

ပထမအကျော့တုန်းကတော့ ထိုင်းမြေမှာ တရုတ်အသင်း အနိုင်ကစားခဲ့တယ်။ ခြေစွမ်းပိုင်းအရတော့ သိပ်အကွာကြီး မဟုတ်ပါဘူး။ ဖောင်ဖျက်ကစားရမယ့် ထိုင်းအသင်းကိုပဲ အရဲစွန့် ရွေးချင်တယ်။

စင်ကာပူ နှင့် တောင်ကိုရီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၆း၃၀ နာရီ)

တောင်ကိုရီးယားအသင်းက နောက်တစ်ဆင့်တက်ဖို့ အမှတ်တစ်မှတ်ပဲ လိုပါတယ်။ စင်ကာပူအသင်း မျှော်လင့်ချက်ရှိသေးတယ်ဆိုပေမဲ့ လုံးဝမဖြစ်နိုင်လောက်တော့ဘူး။ တောင်ကိုရီးယားကိုပဲ ကြိုက်တယ်။

ကာဂျစ္စတန် နှင့် မလေးရှား (မြန်မာစံတော်ချိန် ကြာသပတေးည ၉း၃၀ နာရီ)

ကာဂျစ္စတန်အသင်း အိမ်ကွင်းမှာ အနိုင်ကစားမှာ သေချာပါတယ်။

Most Read

Most Recent