သတင်းပေးတိုင်ကြားမှုများကြောင့် မေလအတွင်း တရားမဝင်ကုန်စည် ၆၆ မျိုးနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄ ဒသမ ၂၈ ဘီလျံကျော်ရှိ

သတင်းပေးတိုင်ကြားမှုများကြောင့် မေလအတွင်း တရားမဝင်ကုန်စည် ၆၆ မျိုးနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄ ဒသမ ၂၈ ဘီလျံကျော်ရှိ
Published 5 June 2024

သတင်းပေးတိုင်ကြားမှုများကြောင့် မေလအတွင်း တရားမဝင်ကုန်စည် ၆၆ မျိုးနှင့် အဆိုပါကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များအား ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ် ဒသမ ၂၈ ဘီလျံကျော်တန်ဖိုးရှိကြောင်း သိရသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည့် အလွန်အရေးပါလျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ် မေလအတွင်း သတင်းရရှိမှု ၇၉ ကြိမ် ရရှိခဲ့ပြီး သတင်းမှား ခုနစ်ကြိမ်၊ နောက်ကျသတင်း တစ်ကြိမ်နှင့် ဖမ်းဆီးရမိမှု ၇၁ ကြိမ်ဖြစ်ကြာင်း၊ ဖမ်းဆီးရမိမှုများအား အမှုတွဲ ၁၀၇ တွဲ ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများဖြစ်သော ကုန်ပစ္စည်း ၆၆ မျိုး အပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် ဒသမ ၂၈ ဘီလျံကျော်နှင့် တရားမဝင်ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းပေးတိုင်ကြားခဲသူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးငွေကျပ် ဒသမ ၂၈ ဘီလျံကျော်၏ ၂၀ ရာခိုင်နှုန်းဖြစ်သော ကျပ် ၈၅၆ ဒသမ ၁၀၉ သန်းကို သတင်းပေးဆုကြေးငွေအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သတင်းပေးဆုကြေးအဖြစ် ကျပ် ၁၁၆၈ ဒသမ ၄၈၈ သန်းဆုကြေးငွေအဖြစ် ချီးမြှင့်ပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မေလအထိ သတင်းပေးဆုကြေးအဖြစ် ကျပ် ၃၈၀ ဒသမ ၉၆၈ သန်းကိုလည် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြန်မြန်ဆန်ဆန် ချီးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် တာဝန်သိပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း ၀၉-၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇-၄၀၉၈၈၄ နှင့် အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်းလည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

Most Read

Most Recent