ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ရှစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိဟု နစက စာရင်းအရ သိရ

ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ရှစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိဟု နစက စာရင်းအရ သိရ
Published 15 September 2024

 

ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် လူ ရှစ်ဦး သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ရေကြီးရေလျှံမှု၊ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဆိုင်ကလုန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပွားခဲ့သော မုန်တိုင်းငယ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတိုနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဒီနေရာမှာ ပြည်သူလူထုကို ကျွန်တော် အသိပေးပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီးလုပ်နေသူတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လှစ်လျူရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ကောလဟလနဲ့ ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ်မှာ သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ အဲ့ဒီကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိပြီး ဖြစ်ပါတယ်။ လူ ၈ ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အချို့ ရှိပါတယ်။ ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံဆေးခန်းများကို ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်ပြီး သတိပေးချက်များကို သြဂုတ် ၂၉ ရက်ကစပြီး ထုတ်ပြန်ခဲ့သလို တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ရာဂိ၏အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြေပြိုနိုင်မှု အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် သတိပေး လှုံ့ဆော်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ ဒီနေရာမှာ ပြည်သူလူထုကို ကျွန်တော် အသိပေးပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီးလုပ်နေသူတွေဟာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လှစ်လျှူရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို  မှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ကောလဟလနဲ့ ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ်မှာ သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ အဲ့ဒီကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိပြီး ဖြစ်ပါတယ်။ လူ ၈ ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အချို့ ရှိပါတယ်။ ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံဆေးခန်းများကို ပို့ဆောင်ပေးပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းနှင့်ပတ်သက်ပြီး သတိပေးချက်များကို သြဂုတ် ၂၉ ရက်ကစပြီး ထုတ်ပြန်ခဲ့သလို တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားကြီး ဆိုင်ကလုန်းမုန်တိုင်း ရာဂိ၏အရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြေပြိုနိုင်မှု အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၉ ရက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် သတိပေး လှုံ့ဆော်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်နှင့်တ်သက်ပြီး နိုင်ငံတော်အစိုးရအနေနှင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးနှင့် အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဝန်ကြီးများအနေနှင့်လည်း သဘာဝဘေးဒဏ်သင့်ဒေသများကို ကိုယ်တိုင်ကွင်းဆင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အတူ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ(Disaster Management Committee- DMC)အနေနှင့်လည်း ၂၄ နာရီ အရေးပေါ်ဖွင့်လှစ်ပြီး အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်လျက်ရှိပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့များ၊ NGO အဖွဲ့များ၊ စေတနာရှင်ပြည်သူများအနေနှင့်လည်း တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို အားတတ်ဖွယ် တွေ့ရကြောင်း ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

 

မနေ့က နေ့လယ် တစ်နာရီလောက်မျာ တောင်ငူဒေသ ဇရပ်ကြီး အနောက်ဘက် ရွာများကို ရွှေ့ပြောင်း ကယ်ထုတ်စဉ်မှာ ကယ်ဆယ်ရေး အဖွဲ့ထဲမှာ ပါတဲ့ တပ်မတော်သား တစ်ဦး၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦး ရေထဲ မြောပါပြီး ကျဆုံး ခဲ့ရပါတယ်။ ဒီ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ သက်စွန့်ဆံဖြား ပါဝင်နေတဲ့ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ  အပါအဝင် Volunteer ပြည်သူလူထု ကယ်ဆယ်ရေး အဖွဲ့တွေ အားလုံးကို ဒီနေရာကနေ အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် အကောင်းဆုံးနဲ့ အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေနဲ့ ကူညီ ကယ်ဆယ်ရေး နောက်ဆက်တွဲ လုပ်ငန်းတွေ အဖြစ် ဆန် ရိက္ခာများအတွက် သက်မှတ် ငွေနှုန်းထားတွေနဲ့ သေဆုံး၊ ဒဏ်ရာ ရသူများကို ငွေကြေး ထောက်ပံ့ပေးမှာလည်း ဖြစ်ပါတယ်။ အိမ် ဆုံးရှုံး သူများကို စာရင်း ကောက်ယူပြီး အိမ်ပျက်စီးမှု ရာခိုင်နှုန်းအပေါ် မူတည်ပြီး သတ်မှတ်နှုန်းထားများအတိုင်းလည်း ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ် ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ရေဘေးသင့်သူများ ကယ်ဆယ်ရေးစခန်း၌ နေထိုင်ချိန်တွင် စားသောက်မှုအတွက် စာသောက်ဖွယ်ရာများကို သတ်မှတ်နှုန်းထားအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအတွင် အလှူငွေများလည်း ပေးအပ်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် မိမိတို့၏  စုစည်းအား၊ ညီညွတ်သည့်အင်အားကို ပြသရန်လိုပြီး မိမိတို့၏ ပြည်တွင်းအား၊ မိမိတို့၏ ပေါင်းစည်းအားနှင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent