ကွန်ညာနှင့် ကူဒူစ်တို့ကို ခေါ်ယူရန် မန်ယူအသင်း စိတ်ဝင်စားနေ

ကွန်ညာနှင့် ကူဒူစ်တို့ကို ခေါ်ယူရန် မန်ယူအသင်း စိတ်ဝင်စားနေ
Photo: X
Photo: X
Published 3 June 2024

မန်ယူအသင်းသည် ဝုလ်ဗ်အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ကွန်ညာ နှင့် ဝက်စ်ဟမ်းအသင်းမှ ဂါနာကွင်းလယ်တိုက်စစ်ကစားသမား ကူဒူစ်တို့ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

မန်ယူအသင်းသည် ယင်းကစားသမားနှစ်ဦးကို ပြီးခဲ့သည့်ရာသီကတည်းက ကင်းထောက်များစေလွှတ်ကာ စောင့်ကြည့်စေခဲ့ပြီး ပထမဦးစားပေးကစားသမားမှာမူ ကွန်ညာဖြစ်ကြောင်း သိရသည်။

ကွန်ညာ(၂၅ နှစ်)သည် အက်သလက်တီကိုမှ ဝုလ်ဗ်သို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဝုလ်ဗ်အသင်းတွင် လစာပေါင်(၆၀၀၀၀)ဝန်းကျင်သာ ရရှိနေသူဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မန်ယူအသင်းက လက်ရှိလစာ၏ နှစ်ဆပေး၍ ကမ်းလှမ်းသွားရန် စီစဉ်နေပြီး ပြောင်းရွှေ့ကြေးမှာမူ ပေါင်သန်း(၆၀) ဝန်းကျင် သုံးစွဲရဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent