ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အခေါက်ရွှေ ရည်ညွန်းစျေး ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိလာ

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အခေါက်ရွှေ ရည်ညွန်းစျေး ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိလာ
Published 1 June 2024

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ အခေါက်ရွှေရည်ညွန်းစျေး ကျပ်သိန်း ၄၀ ကျော်သို့ ရောက်ရှိလာကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၁ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း၏ မီးလင်းအခေါက်ရွှေရည် ညွှန်းစျေး အပိတ်စျေးမှာ တစ်ကျပ်သားလျှင် ကျပ် လေးဆယ့် တစ်သိန်း လေးသောင်း နှစ်ရာ ဖြစ်ကြောင်း သိရသည်။

ယခင်ရက်များက ရန်ကုန်တိုင်းရွှေလုပ် ငန်းရှင်များအသင်း၏ ရည်ညွန်းစျေးမှာ ကျပ် သိန်း ၄၀ အောက်တွင်သာရှိခဲ့သော်လည်း ကမ္ဘာ့ရွှေစျေးမြင့်တက်လာခြင်းကြောင့် စျေး နှုန်းပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြင်ပရွှေစျေးကွက်တွင် သတ်မှတ်ထား သည်ဆိုသည့် ရွှေစျေးနှုန်းမှာ ဇွန် ၁ ရက်တွင် ကျပ် သိန်း ၅၂ သိန်းကျော်တွင် ရှိနေသည်ဟု ပြင်ပရွှေစျေးကွက်မှ သိရသည်။

ရွှေစျေးနှုန်းများ မြင့်တက်လာခြင်း ကြောင့်ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် အ ခေါက်ရွှေ ရောင်းဝယ်ခြင်းများ မရှိဘဲ လက် ဝတ်ထည်များကိုသာ အရောင်းအဝယ်ပြုလုပ် လျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁၆ ရက်က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးတွင် အစည်းအ ဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီး ရွှေစျေးကွက်အတွင်း တွင် ပြင်ပရွှေဝယ်ရောင်းလုပ်သူများနှင့် ရွှေ ဆိုင်များအားလုံးသည်  YGEA သတ်မှတ်စျေး နှုန်းအောက်တွင် အရောင်းအဝယ်ပြုလုပ်ကြရန်နှင့် မပြုလုပ်နိုင်ပါက ရွှေအရောင်းအဝယ် ရပ်ထားပေးပါရန် အထူးသတိပေးအပ်ပါသည် ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း က ထုတ်ပြန်ခဲ့သည်။

မတ် ၆ ရက် နေပြည်တော်တွင် ပြုလုပ် သည့် ရွှေနှင့်ငွေကြေး စျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္က ဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံ သည့် ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ရွှေစျေးကွက်တွင် စနစ် တကျရောင်းဝယ်နိုင်ရန်၊ စံချိန်စံနှုန်းနှင့် စျေး နှုန်းအခြေခံသတ်မှတ်နိုင်ရေး၊ တရားဝင် ဆောင်ရွက်နိုင်သည့် စျေးကွက်ဖော်ဆောင် ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေစျေး၊ ငွေ စျေးကစားပြီး စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်သူများကိုဥပဒေနှင့်အညီ ကြီးကြပ် အရေးယူမည် ဖြစ်ကြောင်း၊ အရေးကြီးကုန် စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပါက ဥပဒေပါပြဋ္ဌာန်းချက်များကို ဆက်လက်အ ကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အဖွဲ့ ဝင်များအနေဖြင့်လက်ရှိလုပ်ဆောင်ချက် များ၊ ကြီးကြပ်မှုများကို ပြန်လည်စိစစ်ရန်နှင့် စနစ်တကျ ထိန်းကျောင်းသွားရန်လိုအပ် ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေရောင်းဝယ်ရာ၌ မသမာမှုပြုလုပ်၍ စျေးကစားမှုများအပေါ် ကြီးကြပ် အရေးယူမှုများဆောင်ရွက်နိုင်ရန် တည်ဆဲ ဥပဒေများနှင့်အညီ အမိန့် ထုတ်ပြန်ရာတွင် အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးအတွက် အမိန့်၊ ညွှန်ကြား ချက်များထုတ်ပြန်ရန်လည်းကောင်း၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနများအ နေဖြင့် ရည်ညွှန်းရွှေစျေးနှုန်း ထုတ်ပြန်ပြီး ကျော်လွန်ရောင်းချသူများအား အရေးယူ နိုင်မည့်နည်းလမ်းများကို လည်းကောင်း၊ အ စည်းအဝေးတက်ရောက်လာသူများကလိုအပ် သည့်အမိန့်များထုတ်ပြန်ရာတွင် ဦးစီး ဆောင် ရွက်မည့်ဝန်ကြီးဌာန၊ ဆက်လက်ထိန်းချုပ် ကြီးကြပ်ကွပ်ကဲမည့် နည်းလမ်းများ၊ လုပ်ငန်း စဉ်များကို စနစ်တကျချမှတ် ဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

Most Read

Most Recent