ဇာဗီရဲ့နှလုံးသားအမာရွတ်

ဇာဗီရဲ့နှလုံးသားအမာရွတ်
Photos: AFP & X
Photos: AFP & X
Published 1 June 2024
AK

"ဘာစီလိုနာနည်းပြသစ်က နာကျင်ရမှာပါ။ ဘာစီလိုနာအသင်းက သိပ်ပြီးရှုပ်ထွေးတဲ့နေရာပါ။ စိတ်ရှည်သည်းခံရမှာဖြစ်ပြီး ခက်ခဲတဲ့အလုပ်လည်း ဖြစ်တယ်။ ဘာစီလိုနာနည်းပြဘဝမှာ ငလျင်ဒဏ် ခံစားရသလိုပါပဲ။ ကျွန်တော်က အမြဲတမ်း ပစ်မှတ်ထားခံခဲ့ရတယ်။ ဘယ်တုန်းကမှ အသိအမှတ် ပြုမခံရဘူး။ ဘာစီလိုနာမှာ အရာအားလုံးကို ဆုံးဖြတ်တာ လာပေါ်တာပါ။ ကျွန်တော့် အတွက် ရွေးချယ်စရာမရှိဘဲ သူ့ဆုံးဖြတ်ချက်ကို လက်ခံရုံပါပဲ။ ဘာစီလိုနာ နည်းပြဖြစ်ရတာမလွယ်ကူပါဘူး။ ကျွန်တော် ခံစားချက်မျိုးစုံ ပိုင်ဆိုင်ခဲ့ပေမယ့် ဘာစီလိုနာနည်းပြဘဝမယ် ကျွန်တော် လုပ်ခဲ့တာတွေအတွက် ဂုဏ်ယူပါတယ်" လို့ပြောခဲ့တယ်။ ဇာဗီက အခွင့်အရေးရရင် ဘာစီလိုနာကို ပြန်လာမယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ ဒါဟာ ဇာဗီရဲ့ သစ္စာစကားပါပဲ။ ဇာဗီကသူ့ရင်ထဲက ဒဏ်ရာတွေထက် ဘာစီလိုနာအတွင်းစည်းက ဒဏ်ရာတွေအတွက် ပိုပြီးနာကျင်နေပါတယ်။

 

Most Read

Most Recent