ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြသစ် ကွန်ပနီက ယခုအသင်းကို မိမိ၏အိမ်ကဲ့သို့ ခံစားရသည်ဟု ပြောကြားခဲ့သည်။
ကွန်ပနီသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဘန်လေအသင်းနှင့်အတူ လိဂ်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရသော်လည်း ဘိုင်ယန်မြူးနစ်အသင်းက နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
၎င်းက "ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းကပဲ ကိုယ့်အလုပ်ရဲ့ အကောင်းနဲ့ အဆိုးတွေကို ဖြစ်တည်စေတာပါ။ ဘိုင်ယန်မြူးနစ်ကို ကျွန်တော့်ရဲ့အိမ်လို့ပဲ ခံစားရပါတယ်"ဟု ပြောကြားခဲ့သည်။