မန်ယူနည်းပြ လိုက်နာရမည့်စည်းမျဉ်းသစ်များကို အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် ချမှတ်

မန်ယူနည်းပြ လိုက်နာရမည့်စည်းမျဉ်းသစ်များကို အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ် ချမှတ်
Photo: Daily Mail
Photo: Daily Mail
Published 30 May 2024

မန်ယူအသင်း၏ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် အသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်သည် အသင်းနည်းပြ လိုက်နာရမည့်စည်းမျဉ်းသစ်များကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မန်ယူအသင်းအနေဖြင့် FA ဖလား ရယူနို်င်ခဲ့သော်လည်း အသင်းနည်းပြ တန်ဟက်ဂ်၏အနာဂတ်မှာ မသေမချာဖြစ်နေဆဲဖြစ်ပြီး ဘရိုက်တန်နည်းပြဟောင်း ဒီဇယ်ဘီ၊ အစ်ဝစ်ချ်နည်းပြ မက်ကန်နာ၊ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း တူဟယ်လ်နှင့် ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနိုတို့မှာ မန်ယူအသင်း၏နည်းပြသစ် ဖြစ်လာရန် ရေပန်းစားနေကြသည်။

ယင်းအခြေအနေတွင် မန်ယူအသင်းပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က အသင်းနည်းပြ လိုက်နာရမည့်စည်းမျဉ်းသစ်များကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။

ဆာဂျင်ရက်ကလစ်ဖ် ချမှတ်သည့် စည်းမျဉ်းသစ်များမှာ နည်းပြသည် နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့ လိုချင်သည့် ကစားဟန်အတိုင်း ကစားရန်၊ နည်းပြအနေဖြင့် ကစားသမားသစ်များ ခေါ်ယူရာတွင် အသက် (၂၅)နှစ်အောက် ကစားသမားများအား ဦးစားပေးခေါ်ယူရန်စီစဉ်ထားမှုကို သဘောတူရန်၊ နည်းပြအနေဖြင့် သူလိုချင်သည့်ကစားသမားထက် အသင်းအတွက် လိုအပ်သည့်ကစားသမားကိုသာ အားဖြည့်ရန်၊ နာမည်ကျော်များထက် ရွ့က်ပုန်းသီးကစားသမားများအား ခေါ်ယူခြင်းကို လက်ခံရန်နှင့် နည်းပြအနေဖြင့် ဘုတ်အဖွဲ့က ရွေးချယ်ပေးသည့် ကစားသမား (၃)ဦးထဲမှ (၁)ဦးကို ရွေးချယ်ခေါ်ယူရန်တို့ဖြစ်ကြောင်း သိရှိရသည်။ 

Most Read

Most Recent