နည်းပြသစ်အနေဖြင့် အခက်အခဲများရင်ဆိုင်ရနိုင်ကြောင်း ဘာစီလိုနာအသင်းနည်းပြ ဇာဗီ သတိပေး

နည်းပြသစ်အနေဖြင့် အခက်အခဲများရင်ဆိုင်ရနိုင်ကြောင်း ဘာစီလိုနာအသင်းနည်းပြ ဇာဗီ သတိပေး
Photo: X
Photo: X
Published 27 May 2024

ယခုရာသီတွင် အနာဂတ်နှင့်ပတ်သက်၍ အပြောင်းအလဲများစွာဖြစ်ခဲ့ပြီးနောက် လမ်းခွဲတော့မည့် ဘာစီလိုနာအသင်းနည်းပြ ဇာဗီက နည်းပြသစ်အနေဖြင့် အခက်အခဲများ ရင်ဆိုင်ရနိုင်ကြောင်း ဆီဗီလာအသင်းနှင့် ရာသီပိတ်ပွဲစဉ်အပြီးတွင် သတိပေးပြောကြားခဲ့သည်။

''ဒါက ခက်ခဲတဲ့အခြေအနေတစ်ခုဆိုတာ သူတို့သိထားပါတယ်။ ဘာလို့လဲဆိုတော့ ဘာစီလိုနာက ခက်ခဲတဲ့အသင်းတစ်သင်းဖြစ်လို့ပါ။ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့အတူ ဆိုးရွားတဲ့ ဘဏ္ဍာရေးအခြေအနေကြောင့်လည်း အခက်အခဲတွေရှိနေပါတယ်။ ဒါက လုံးဝ လွယ်ကူမှာမဟုတ်ပါဘူး။ အခက်အခဲတွေ ရင်ဆိုင်ရမှာဖြစ်ပြီး စိတ်ရှည်ဖို့ လိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒါက တကယ်ကိုခက်ခဲတဲ့ အလုပ်ဖြစ်လို့ပါ။ သူတို့ကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ဆုဖလားရယူနိုင်ဖို့ပါပဲ။ အဲဒါက အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ဖူးသလားဆိုတာနဲ့ မဆိုင်ပါဘူး။ ကျွန်တော်ကတော့ မှန်ဘီလူးနဲ့ ကြည့်ပြီး မျှော်မှန်းချက်အဆင့်တစ်ခုကို  ထုတ်ပေးနိုင်ခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဘာစီလိုနာရဲ့ အကောင်းဆုံးခေတ်မှာ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့လို့ပါ'' ဟု ဇာဗီက ပြောကြားသည်။

 

Most Read

Most Recent