အီဒါဆန်ကို ခေါ်ယူရန် အယ်လ်အစ်တီဟတ်အသင်း ပစ်မှတ်ထားနေ

အီဒါဆန်ကို ခေါ်ယူရန် အယ်လ်အစ်တီဟတ်အသင်း ပစ်မှတ်ထားနေ
Photo: Getty Images
Photo: Getty Images
Published 27 May 2024

မန်စီးတီးအသင်းမှ ထွက်ခွာရန် စဉ်းစားနေသော ဘရာဇီးလ်ဂိုးသမား အီဒါဆန်ကို ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

အီဒါဆန်(၃၀ နှစ်)သည် မန်စီးတီးအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်နေသော်လည်း စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် ဆန္ဒရှိနေသည့်အတွက် အသင်းပြောင်းရွှေ့ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

အယ်လ်အစ်တီဟတ်အသင်းသည် အီဒါဆန်နှင့် ဆွေးနွေးမှုအဆင်ပြေပါက မန်စီးတီးအသင်းထံ ပေါင်(၂၅)သန်းဖြင့် စတင်ကမ်းလှမ်းသွားရန် စီစဉ်ထားကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent