ဗဟိုဘဏ်က တရားဝင်ထုတ်ပေးထားသော လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page နှင့် အင်တာနက်စာမျက်နှာများမှ အရောင်းအဝယ်ဆောင်ရွက်လျက်ရှိသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုအား ထပ်မံအရေးယူ

ဗဟိုဘဏ်က တရားဝင်ထုတ်ပေးထားသော လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page နှင့် အင်တာနက်စာမျက်နှာများမှ အရောင်းအဝယ်ဆောင်ရွက်လျက်ရှိသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုအား ထပ်မံအရေးယူ
Published 26 May 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင် ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား Facebook Page နှင့် အင်တာနက်စာမျက်နှာ များမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းး ဆောင်ရွက်လျက်ရှိသည့် Facebook Page နှင့် အင်တာ နက်စာမျက်နှာ ၁၆ ခုအား ထပ်မံအရေးယူထားကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါ အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက် ရောင်းဝယ်နေသူများ အား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာ ဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်နိုင်ရန် ညှိနှိုင်းလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ Facebook Page နှင့် အင်တာနက် စာမျက်နှာများမှာ  ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင် ၊ Moe Latt၊ Si Thu & bro များ ၊ ရန်ကုန်ငွေဈေး ၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၊ ဒေါ်လာရောင်းဝယ်၊ December Snow ၊ June Lin Htet Naing၊ Htet Yan Money Exchange ၊ Global Value Services-GVS Money Exchange and Transfer ၊  Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊  Nay Myo Htet (Facebook Page) ၊ Gold Market Myanmar (Facebook Page) ၊ Ye Mon၊ Naing Lu စသည်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့သော အဖွဲ့အစည်းများအား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေးထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့် ရှိသည့် ငွေ‌‌ရေးကြေးရေးအဖွဲ့ အစည်းအများ၌သာ လဲလှယ်ရောင်းချဝယ်ယူသွားရန် ထပ်မံအသိပေးထားသည်။

အထက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်၍ ငွေဈေးကစားနေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများ ပြည်သူ အကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ များဖြင့်ပါ အရေးယူဆောင်ရွက် သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent