ယူရို -၂၀၂၄ ပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင်အသင်းမှ ၀ါရင့်တိုက်စစ်မှူး ဂျရူး အနားယူမည်

ယူရို -၂၀၂၄ ပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင်အသင်းမှ ၀ါရင့်တိုက်စစ်မှူး ဂျရူး အနားယူမည်
Photo: Reddit
Photo: Reddit
Published 25 May 2024

 

ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးကယူရို- ၂၀၂၄ ပြိုင်ပွဲအပြီးတွင် နိုင်ငံလက်ရွေးစင်အသင်းမှ အနားယူမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ 

အသက် ၃၇ နှစ်အရွယ်ရှိ ဂျရူးသည် ယခုရာသီကုန်တွင် အေစီမီလန် အသင်းမှထွက်ခွာပြီး အမေရိကန် မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျယ်လိစ်အသင်းထံသို့ ပြောင်းရွှေ့ကစားမည်ဖြစ်သည်။ 

ယူရို -၂၀၂၄ ပြိုင်ပွဲဝင်မည့် ပြင်သစ်အသင်းတွင် ရွေးချယ်ခံထားရသည့် ဂျရူးက "ယူရိုပြိုင်ပွဲက ပြင်သစ်အသင်းအတွက် ကျွန်တော့်ရဲ့နောက်ဆုံးပြိုင်ပွဲပါ။ ပြင်သစ်အသင်းမှာ ကစားတာကို ကျွန်တော် အရမ်းလွမ်းနေမှာပါ။ ဒါပေမဲ့ ဒီနွေမှာ ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားဘဝ ပြီးဆုံးတော့မှာပါ။ ကျွန်တော်တို့အနေနဲ့ လူငယ်ကစားသမားတွေကို နေရာပေးရပါမယ်" ဟု ပြောကြားခဲ့သည်။ 

ဂျရူးသည် ပြင်သစ်လက်ရွေးစင်အသင်းတွင် ၁၃၁ ပွဲတွင် ၅၇ ဂိုးအထိ သွင်းယူထားပြီး အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နေသည်။

Most Read

Most Recent