ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အဘက်ဘက်နှင့် တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု RCSS ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် အဘက်ဘက်နှင့် တွေ့ဆုံဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု RCSS ထုတ်ပြန်
Published 22 May 2024

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ် ပေါ်လာရေးအတွက် အဘက်ဘက်နှင့် တွေ့ဆုံ ဆွေးနွေးပြီး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က မေ ၂၁ ရက်တွင် ထုတ် ပြန်သည်။

မေ ၂၁ ရက်တွင်ကျရောက်သည့် (၆၆) နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေး နေ့အဖြစ် ထုတ်ပြန်သည့်ကြေညာချက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အထက်ပါအချက်ကို ထည့်သွင်း ဖော်ပြထားခြင်းလည်းဖြစ်သည်။

ရှမ်းအမျိုးသားတော်လှန်ရေးနေ့သည် တော်လှန်ရေးခရီးရှည်တစ်လျှောက်တွင် ကျ ဆုံးခဲ့သော တော်လှန်ရေး မျိုးချစ်ပုဂ္ဂိုလ်များ၊ ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် ကိုယ် လက်အင်္ဂါများ ပေးလှူစွန့်လွှတ်ခဲ့ကြသည့် တော်လှန်ရေးသမားတို့အား ဂုဏ်ပြုအသိအ မှတ်ပြုသော နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း၊ မတရားမှုကိုတော်လှန်ရာတွင် ရှမ်းပြည်လူထု တိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန်ရေးဆင် နွှဲရာ၌ ရှမ်းပြည်သူလူထုများ ပါဝင်ပူးပေါင်း ဆင်နွှဲကြရန် တိုက်တွန်းကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင် RCSS သည် ငြိမ်းချမ်းသော တွေ့ဆုံဆွေး နွေးခြင်းနည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အ စည်းများနှင့် တွေ့ဆုံဖြေရှင်းသွားမည်ဖြစ် ကြောင်း RCSS က ဆိုသည်။

ထို့ပြင် အုပ်ချုပ်ရေးစနစ်ကို ပြုပြင် ပြောင်းလဲပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုဖြစ်ပေါ်လာရေးအတွက် RCSS အနေဖြင့် အဘက်ဘက်နှင့် တွေ့ဆုံဆွေးနွေး ၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည့် အသိသက်သေ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပြဿနာ များကို ဖြေရှင်းရာတွင် ပါဝင်ကူညီဖြေရှင်း ပေးရန်တိုက်တွန်းကြောင်း RCSS ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဒရယ်ဒီမိုကရေစီနည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှုပြုပြင် ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း RCSS က ဧပြီ ၂၂ ရက်တွင် ထုတ်ပြန် ခဲ့သည်။

RCSS အနေဖြင့် ဒေသတွင်း တည်ငြိမ် ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နည်းလမ်းတကျ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဖြင့် အောက်ခြေမှစတင်သော အုပ်ချုပ်မှု ပြုပြင် ပြောင်းလဲရေးကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် တပ်မတော် အပါအဝင် သက်ဆိုင်ရာ လူမျိုးစုများ၊ အစု အဖွဲ့များမှ ပူးပေါင်းပါဝင်လိုသူများကို ဖိတ် ခေါ်ကြိုဆိုလျက်ရှိကြောင်း RCSS ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက် ကိုင်တပ်ဖွဲ့ဖြစ်ပြီး လွယ်တိုင်းလျန်တွင် ဌာန ချုပ်ထားရှိကာ လင်းခေး၊ မိုင်းပန်း၊ မိုင်းရှုး၊ လွိုင်လင်၊ ပန်လုံ၊ ခိုလမ်၊ လဲချား၊ မိုင်းကိုင်၊ တန့်ယန်း၊ မိုင်းရယ်၊ ကျောက်မဲ၊ သီပေါ၊ နမ္မ တူ၊ နမ့်ခမ်း၊ မူဆယ် စသည့်နယ်မြေများတွင် အခြေပြုလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent