ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ပါးလ်မီးရပ်စ်အသင်းရဲ့ ဘရာဇီးလ်ဆယ်ကျော်သက် တောင်ပံတိုက်စစ်ကစားသမား အက်စ်တယ်ဗာယိုဝီလီယံကို ခေါ်ယူဖို့ သဘောတူညီချက် ရယူနိုင်ခဲ့တယ်။ အက်စ်တယ်ဗာယိုအတွက် ချယ်လ်ဆီးအသင်းအသုံးပြုရမယ့် ပြောင်းရွှေ့ကြေးက ယူရို(၃၄)သန်းဖြစ်ပြီး အသင်းရဲ့ အောင်မြင်မှုနဲ့ Add-ons ကြေးတွေကို ထည့်တွက်ရင် စုစုပေါင်း ယူရို(၆၇)သန်းဝန်းကျင် ကုန်ကျနိုင်တယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဘရာဇီးလ်ဆယ်ကျော်သက်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ အက်စ်တယ်ဗာယိုကို အရင်စိတ်ဝင်စားခဲ့တဲ့အသင်းက စပိန်ထိပ်သီး ဘာစီလိုနာအသင်းပါ။ ဒါပေမဲ့ ဘဏ္ဍာရေးအကျပ်အတည်းကိစ္စတွေကြောင့် ဘာစီလိုနာအသင်းဟာ အက်စ်တယ်ဗာယိုကိုခေါ်ယူဖို့ လက်လျှော့ခဲ့ရတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ အပြာရောင်လန်ဒန်အသင်းက အက်စ်တယ်ဗာယိုကို လက်ဦးမှုရယူခဲ့တာလို့ ဆိုနိုင်ပါတယ်။
အပြာရောင်လန်ဒန်ကလပ်ကို ပြောင်းရွှေ့လာမယ့် ဆမ်ဘာကြယ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
6 hours ago